MNP ၊ ဧပြီ ၁
ရခိုင်ပြည်နယ် ၊ မောင်တောမြို့နယ် ပဒင်းကျေးရွာအုပ်စု ၊ ကညင်တန်းကျေးရွာတွင် ယမန်နေ့ ညနေ (၂၂:၃၀ ) အချိန် စိတ်ကြွရူးသွပ်ဆေးပြား များဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
ဖြစ်စဉ်မှာ လုံခြုံရေးတပ်ဖွဲ့ဝင်များ ပူးပေါင်းအဖွဲ့သည် သတင်းအရ သက်သေများ နှင့်အတူ ပဒင်းကျေးရွာအုပ်စု ၊ ကညင်တန်းကျေးရွာနေ မာဘူဂျာန်(မ)၏ နေအိမ်အား ဝင်ရောက်ရှာဖွေရာ ၎င်းနှင့်အတူ မာမတ်ရှားခဲ ၊ မာမာတ်အွတ်စမာ တို့အား တွေ့ရှိပြီး နေအိမ်ခြံဝန်းအတွင်း နေအိမ်၏ အရှေ့တောင်ဘက်နေအိမ် အနီးရှိ နွားခြံဘေးရှိ နွားချေးပုံအတွင်း မြှုပ် နှံ ထားသော အဝါရောင် နှင့် အညိုရောင်ကွက်စိတ်ပုဆိုးဖြင့် ထုပ်လျက် အဝါရောင်ဆာလာအိတ်အတွင်းမှ ပလက် စတစ် အိတ် (အကြည်)များဖြင့် ထုပ်ပိုးပြီး မှိုင်းခံစက္ကူ ထုတ်ထားသည့် W/R စာတမ်းပါ စိတ်ကြွရူးသွပ်ဆေးပြား (၉၅၀၀)ပြားပါ အထုပ်ကြီး (၆)ထုတ် အတွင်းမှ စုစုပေါင်း(၅၇၀၀၀)ပြား ၊ အလေးချိန်(၅.၁၃)ကီလိုခန့် (ဒေသကာလပေါက်ဈေး ၁ ပြား လျှင် ၁၅၀၀ နှုန်းဖြင့် (၈၅,၅၀၀,၀၀)ကျပ်အား တွေ့ရှိသိမ်းဆည်းရမိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
မူးယစ်ဆေးဝါးများ နှင့် အတူ လက်ဝယ်တွေ့ရှိသူ ပန်းတောပြင်ကျေးရွာအုပ်စု ၊ ကညင်တန်းကျေးရွာနေသူများဖြစ်သော မာဘူဂျာန် (၆၀) နှစ် ၊ မာမတ်ရှားခဲ(၁၇) နှစ် နှင့် မာမာတ်အွတ်စမာ(၂၁) တို့အား ဖမ်းဆီးရမိပြီး မူးယစ်ဆေးဝါးပိုင်ရှင်ဖြစ်သူ မူဂျာအာလောင်(ကျား)(၂၆)နှစ် (ဖမ်းမမိသေး) ပန်းတောပြင်ကျေးရွာအုပ်စု ၊ ကညင်တန်းကျေးရွာနေသူဖြစ်သူတို့ (၄)ဦးအား (မကျီးချောင်း)နယ်မြေစခန်းတွင် မယ(ပ) ၁/၂၀၂၂ ၊ မူး/စိတ်ပုဒ်မ ၁၉(က)/၂၁ အရ အမှုဖွင့်လှစ်ကာ တရားဥပဒေအရ အရေးယူနိုင်ရေး စီစဉ် ဆောင်ရွက် လျှက် ရှိ ပြီး ဆက်စပ် တရားခံအား အမြန်ဆုံးဖမ်းဆီးနိုင်ရေးစီစဉ်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ဝေလ(မောင်တော)
https://t.me/MyanmarNationalPost
No comments:
Post a Comment