MNP - ဧပြီ ၁
မန္တလေးတိုင်းဒေသကြီး ညောင်ဦးမြို့နယ် သောက်သုံးရေလိုအပ်လျက်ရှိသော ညောင်ဦးမြို့နယ် စက်စက်ယိုကျေးရွာနှင့် ကန်စောင့်ကျေးရွာသို့ ဧပြီ၁ရက်၊ နံနက်၁၁နာရီအချိန်က သောက်သုံးရေဂါလံ ၃၂၀၀ သွားရောက်လှူဒါန်းခဲ့ကြောင်း အေးမေတ္တာသောက်ရေအလှူတော်အသင်း တာဝန်ရှိသူများထံက သိရသည်။
ရန်ကုန်မြို့ ဝေမျှခြင်းပရဟိတမိသားစုမှ သောက်သုံးရေလိုအပ်လျက်ရှိသော ညောင်ဦးမြို့နယ် စက်စက်ယိုနှင့်ကန်စောင့်ကျေးရွာသို့ သောက်သုံးရေ ဂါလံ၁၆၀၀ လှူဒါန်းပေးခဲ့ကြောင်း သိရသည်။ ညောင်ဦးမြို့နယ်အတွင်းရှိ သောက်သုံးရေလိုအပ်လျက်ရှိသော တဲတိုက်များ၊ ကျေးရွာများအတွက် ရန်ကုန်မြို့ဝေမျှခြင်း ပရဟိတမိသားစုမှ လှူဒါန်းပေးလျက်ရှိရာ ယခုလှူဒါန်းသည့် စက်စက်ယိုကျေးရွာအတွက် ၁၆၀၀ဂါလံနှင့် ကန်စောင့်ကျေးရွာအတွက် ၁၆၀၀ဂါလံ လှူဒါန်းခဲ့ပြီးဖြစ်ရာ သောက်သုံးရေဂါလံ ၁၁၉၀၆၀ဂါလံ ညောင်ဦးမြို့နယ် သောက်သုံးရေလိုအပ်နေသော ကျေးလက်ပြည်သူများအား ဖြန့်ဝေပေးနိုင်ခဲ့ကြောင်း သိရသည်။
သတင်း - ကိုထိန်
မြန်မာနေရှင်နယ်ပို့စ်

No comments:
Post a Comment