MNP - ဧပြီ ၁
ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ်၏ လမ်းညွှန်မှုဖြင့် ပဲခူးခရိုင်၊ ဝေါမြို့နယ်အတွင်း စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ကုန်ထုတ်လုပ်မှု ဖွံ့ဖြိုးတိုးတက်ရေးကို ရည်ရွယ်ကာ ကျေးရွာများအရောက် ကွင်းဆင်း၍ ဒေသခံပြည်သူများနှင့် တွေ့ဆုံကာ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ကုန်ထုတ်လုပ်မှု ဖွံ့ဖြိုးတိုးတက်ရေး ပညာပေးဆွေးနွေးခြင်းကို ယမန်နေ့ ညနေပိုင်းတွင် လေးအိမ်စုကျေးရွာ၌ ပြုလုပ်သည်။
အဆိုပါ အသိပညာပေး ဆွေးနွေးပွဲတွင် ပဲခူးခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးအောင်ဇော်လတ်က ဆီထွက်သီးနှံစိုက်ပျိုးရေး၊ နေကြာသီးသန့် စိုက်ပျိုးနိုင်ရေး၊ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံထားမှု အခြေအနေများနှင့် ကျေးရွာအတွင်း လိုအပ်ချက်များကို အသိပညာပေး ဆွေးနွေး ညှိနှိုင်းပေးသည်။ ဆက်လက်၍ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးဝင်းမော်နှင့် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ကုန်ထုတ်လုပ်မှု ဖွံ့ဖြိုးတိုးတက်ရေးနှင့် သက်ဆိုင်သည့် မြို့နယ်အဆင့်ဌာနဆိုင်ရာများမှ တာဝန်ရှိသူများက ပညာပေး ဆွေးနွေးပေးသည်။
ထို့နောက် တက်ရောက်လာသည့် ဒေသခံပြည်သူများက ကျေးရွာအတွင်း ကျန်းမာရေး၊ ပညာရေး၊ လမ်းပန်းဆက်သွယ်ရေး၊ စိုက်ပျိုးရေး၊ မွေးမြူရေးကိစ္စများနှင့် ပတ်သက်၍ လိုအပ်ချက်များနှင့် သိရှိလိုသည်များကို ပြန်လည်တင်ပြရာ ပဲခူးခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌနှင့် သက်ဆိုင်ရာဌာနများမှ တာဝန်ရှိသူများက ပြန်လည်ဆွေးနွေး ညှိနှိုင်း ဆောင်ရွက်ပေးသည်။
သတင်း - စိုးမိုး
မြန်မာနေရှင်နယ်ပို့စ်
No comments:
Post a Comment