နိုင်ငံတော်ဗဟိုသံဃာ့ဝန်ဆောင်၊ နိုင်ငံတော်ဝိနည်းဓိုရ် မဟာကမ္မဌာနာစရိယ၊ ဘဒ္ဒန္တပညာစက္က မဟာထေရ်၊ သက်တော်(၇၃)နှစ်၊ သိက္ခာဝါတော်(၅၃)ဝါ၏ အန္တိမအဂ္ဂိဈာပနပူဇာကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

နိုင်ငံတော်ဗဟိုသံဃာ့ဝန်ဆောင်၊ နိုင်ငံတော်ဝိနည်းဓိုရ် မဟာကမ္မဌာနာစရိယ၊ ဘဒ္ဒန္တပညာစက္က မဟာထေရ်၊ သက်တော်(၇၃)နှစ်၊ သိက္ခာဝါတော်(၅၃)ဝါ၏ အန္တိမအဂ္ဂိဈာပနပူဇာကျင်းပ




MNP -  ဧပြီ  ၁၁

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ်၊ ကြွက်ကျွန်းကျေးရွာ၊ နိုင်ငံတော် ဗဟိုသံဃာ့ဝန်ဆောင်၊ နိုင်ငံတော်ဝိနည်းဓိုရ် မဟာကမ္မဌာနာစရိယ၊ အေးမြရိပ်သာ မဟာဗောဓိ ကျောင်းတိုက်ကြီး၏ ဦးစီးပဓာန နာယကဆရာတော် ဘဒ္ဒန္တပညာစက္က မဟာထေရ်၊ သက်တော် (၇၃)နှစ်၊ သိက္ခာဝါတော် (၅၃)ဝါ၏ အန္တိမအဂ္ဂိဈာပနပူဇာပွဲကို ယမန်နေ့ နေ့လယ် ၁၂  နာရီ အချိန်ခန့်မှ စတင်၍ ပူဇော်ကျင်းပခဲ့ကြသည်။

အန္တိမအဂ္ဂိဈာပနာပူဇာအခမ်းအနား ဒုတိယပိုင်းကျင်းပရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမင်းဧရာထိုက်နှင့် အဖွဲ့ဝင်များ၊ ရပ်ကျေးအုပ်ချုပ်ရေးမှူးနှင့် အဖွဲ့ဝင်များ၊ တပည့်ဒါယကာ၊ ဒါယိကာမများ၊ ကျေးရွာသူ၊ ကျေးရွာသားများမှ ဝန်ချတောင်းပန်ကန်တော့ကြပြီး မွန်းလွဲ ၁ နာရီအချိန်တွင် မီးလောက်တိုက်သွင်းပူဇော် ကုသိုလ်ယူဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

သတင်း - မျိုးဇော်သိန်း

မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)