မအီမြို့တွင် မြို့ပေါ်ရပ်ကွက်အတွင်းရှိ ဘုန်းတော်ကြီးကျောင်းများသို့ ဆွမ်းဆန်တော် ဆက်ကပ်လှူဒါန်း - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မအီမြို့တွင် မြို့ပေါ်ရပ်ကွက်အတွင်းရှိ ဘုန်းတော်ကြီးကျောင်းများသို့ ဆွမ်းဆန်တော် ဆက်ကပ်လှူဒါန်း



 MNP - ဧပြီ    ၁၁

မအီမြို့တွင် မြို့ပေါ်ရပ်ကွက်များတွင်တည်ရှိသည့် ဘုန်းတော်ကြီးကျောင်းများသို့ ဆွမ်းဆန်တော်များ ဆက်ကပ်လှူဒါန်းခြင်းကို ယနေ့နံနက်ပိုင်းက ပြုလုပ်ခဲ့ကြောင်းသိရသည်။

အဆိုပါ ဆွမ်းဆန်တော်ဆက်ကပ်လှူဒါန်းခြင်းကို မအီမြို့၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဦးဆောင်စီစဉ်ဆောင်ရွက်မှုဖြင့် မြို့ပေါ်ဌာနဆိုင်ရာများစုပေါင်း၍ မအီမြို့ပေါ်(၄)ရပ်ကွက်ရှိ ဘုန်းတော်ကြီး ကျောင်းများသို့ သွားရောက်လှူဒါန်းခဲ့ကြခြင်းဖြစ်သည်။

ထိုသို့ ဆွမ်းဆန်တော်လှူဒါန်းရာတွင် ဆန်(၁၂)ပြည်ဆံ့ဆန်အိတ်(၁၂)အိတ်၊ (၂၄)ပြည်ဆံ့ဆန်အိတ် (၅) အိတ်၊ နဝကမ္မအလှူငွေနှင့် အခြားလှူဖွယ်ဝတ္ထုများအပါအဝင် စုစုပေါင်းလှူဒါန်းမှု တန်ဖိုး(၆)သိန်း ကျော်တန်ဖိုးရှိ ဆွမ်းဆန်တော်များကို ခလရ(၉၈)မှ ဒုတိယဗိုလ်မှူးကြီးသိန်းစောနိုင်၊ မအီမြို့၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ မြို့အုပ်ချုပ်ရေးမှူး ဦးကျော်ပုနှင့်အဖွဲ့က ရတနာ့မာရ်အောင်တောရဓမ္မရိပ်သာကျောင်းတိုက်သို့လည်းကောင်း၊ မြို့စည်ပင်သာယာရေးအဖွဲ့မှ အမှုဆောင်အရာရှိ ဦးညီညီလွင်နှင့်အဖွဲ့မှ မအီမြို့၊ အမှတ်(၂) ရပ်ကွက်ရှိ ဥက္ကံတောင်ကျောင်းတိုက်သို့လည်းကောင်း၊ မအီမြို့၊ အထက်တန်းကျောင်းမှ ကျောင်းအုပ်ဆရာကြီးဦးသန်းဝင်းနှင့်အဖွဲ့မှ အမှတ်(၄)ရပ်ကွက်ရှိ သုခကာရီကျောင်းတိုက်သို့လည်းကောင်း၊ မအီမြို့၊ မြေစာရင်းဦးစီးဌာနမှ ဦးစီးမှူးဦးစောနိုင်နှင့်အဖွဲ့မှ အမှတ်(၁) ရပ်ကွက်ရှိ မူလာရာမသိမ်တောင်ကျောင်းတိုက်သို့လည်းကောင်း၊ မီးသတ်ဦးစီးမှူး ဦးစောကျော်လင်းနှင့်အဖွဲ့မှ အမှတ်(၄)ရပ်ကွက်ရှိ အင်တောင်ကျောင်းတိုက်သို့လည်းကောင်း စသည့်အဖွဲ့များ ဖွဲ့စည်း၍ အဆိုပါမအီမြို့ပေါ်ရပ်ကွက်များရှိ ဘုန်းတော်ကြီးကျောင်းများသို့ သွားရောက်ဆက်ကပ် လှူဒါန်းခဲ့ကြကြောင်းသိရသည်။

သတင်း - မောင်မောင်ဌေး

မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)