MNP - ဧပြီ ၄
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ သရက်ချောင်းမြို့တွင် ၁၃၈၃ ခုနှစ် မြန်မာ့ရိုးရာ မဟာသင်္ကြန်ပွဲတော်ကို မဟာသင်္ကြန် ဖျော်ဖြေရေး၊ ရေကစားမဏ္ဍပ်နှင့်အတူ သင်္ကြန်ပွဲတော်ကို အစဉ်အလာမပျက် အေးချမ်းပျော်ရွှင်စွာ ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။
သရက်ချောင်းမြို့တွင် ပြည်သူများ မြန်မာ့ရိုးရာ မဟာသင်္ကြန်ပွဲတော်ကို ရိုးရာမပျက် အေးချမ်း ပျော်ရွှင်စွာ ဆင်နွှဲနိုင်ရေး၊ ဖျော်ဖြေရေး ရေကစားမဏ္ဍပ် ဆောင်ရွက်ကြရေးနှင့် မဟာသင်္ကြန်ပွဲ တော်ကို အေးချမ်းပျော်ရွင်စွာ ကျင်းပ နိုင်ရေးအတွက် သင်္ကြန်ပွဲတော်ကျင်းပရေး ဦးစီးကော်မတီ ဥက္ကဋ္ဌ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမိုးထွေးဦးနှင့် လုပ်ငန်းကော်မတီများ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများက ယနေ့နံနက်(၁၀)နာရီအချိန်က တွေ့ဆုံ၍ ကော်မတီအလိုက် လုပ်ငန်း ဆောင်ရွက်မှု အခြေအနေ များ ညှိနှိုင်းဆွေးနွေးခဲ့ကြသည်။
သရက်ချောင်းမြို့၏ ဖျော်ဖြေရေး ရေကစားမဏ္ဍပ်ကို စတင်တည်ဆောက်လျက်ရှိပြီး ရပ်ကွက်/ ကျေးရွာများတွင်လည်း ရေကစားမဏ္ဍပ်များ၊ မြူးမြူးကြွကြွ သင်္ကြန်တေးသီချင်းများ၊ ခေတ်ပေါ် တေးသီချင်းများဖြင့် ပြည်သူများ အေးချမ်းပျော်ရွှင်စွာ ဆင်နွှဲနိုင်ရေး တာဝန်ရှိသူများက ပူးပေါင်း ညှိနှိုင်းဆောင်ရွက်ကြပြီး ဖျော်ဖြေ ရေးမဏ္ဍပ်များတွင် ယိမ်းအကအဖွဲ့များက ဖျော်ဖြေ ခြင်းနှင့် သင်္ကြန်ပွဲတော်ကို အစဉ်အလာမပျက် ပြည်သူများ ပျော်ရွှင်စွာ ဆင်နွှဲနိုင်ရေး စီစဉ်ဆောင်ရွက် လျက်ရှိကြောင်း သိရသည်။
သတင်း - နန်းခလိုက်
မြန်မာနေရှင်နယ်ပို့စ်
No comments:
Post a Comment