သံဖြူဇရပ်၌ မီးဘေးကြိုတင်ကာကွယ်ရေးအတွက် ဟောပြောခြင်းနှင့် လက်တွေ့မီးငြိမ်းသတ်ခြင်းသရုပ်ပြ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

သံဖြူဇရပ်၌ မီးဘေးကြိုတင်ကာကွယ်ရေးအတွက် ဟောပြောခြင်းနှင့် လက်တွေ့မီးငြိမ်းသတ်ခြင်းသရုပ်ပြ



MNP -  ဧပြီ  ၁၀

မွန်ပြည်နယ်၊ မော်လမြိုင်ခရိုင်၊ သံဖြူဇရပ်မြို့နယ်၌ မြို့နယ်ဦးစီးဌာနမှ မီးဘေးကြိုတင်ကာကွယ်ရေး အတွက်ဟောပြောခြင်းနှင့် လက်တွေ့မီးငြိမ်းသတ်ခြင်း သရုပ်ပြအခမ်းအနားကို ဧပြီ ၈ ရက်မွန်းလွဲပိုင်း က မြို့နယ်မီးသတ်ဦးစီးဌာနဝင်းအတွင်း ပြုလုပ်သည်။

ရှေးဦးစွာ သံဖြူဇရပ်မြို့နယ်အတွင်းရှိ စက်သုံးဆီအရောင်းဆိုင်များမှ ဝန်ထမ်းများအား မြို့နယ်ရဲတပ်ဖွဲ့ မှူး ရဲမှူးခင်မောင်ထွန်းက လုံခြုံရေးဆိုင်ရာအကြောင်းအရာများကို ဟောပြောပြီး မြို့နယ်မီးသတ် ဦးစီးဌာနမှ ဦးစီးအရာရှိ ဦးအောင်ကျော်ထွေးက မီးဘေးကြိုတင်ကာကွယ်တားဆီးရေးအတွက် ဆောင်ရွက်ရမည့်အချက်များကို ဟောပြောသည်။

ထို့နောက် တက်ရောက်လာကြသည့် မြို့နယ်အတွင်း စက်သုံးဆီအရောင်းဆိုင်များမှဝန်ထမ်းများအား မီးဘေးကြိုတင်ကာကွယ်ရေးအတွက် မီးသတ်ဦးစီးဌာနမှ မီးသတ်တပ်ဖွဲ့ဝင်များနှင့် တက်ရောက် လာသူများမှ မီးငြိမ်းသတ်ခြင်းလေ့ကျင့်မှုကို လက်တွေ့သရုပ်ပြ ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

သတင်း - အေးအေးသီ

မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)