နတ်မောက်မြို့နယ်တွင် ၂၀၂၂ မိုးရာသီ၌ နေကြာတိုးချဲ့စိုက်ပျိုးနိုင်ရေး ကျေးရွာများအရောက် ပညာပေးဆွေးနွေးခြင်းများ ကွင်းဆင်းဆောင်ရွက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

နတ်မောက်မြို့နယ်တွင် ၂၀၂၂ မိုးရာသီ၌ နေကြာတိုးချဲ့စိုက်ပျိုးနိုင်ရေး ကျေးရွာများအရောက် ပညာပေးဆွေးနွေးခြင်းများ ကွင်းဆင်းဆောင်ရွက်



MNP - ဧပြီ   ၂၆

မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ နတ်မောက်မြို့နယ်တွင် ဆီထွက်သီးနှံ နေကြာတိုးချဲ့ စိုက်ပျိုးနိုင်ရန် ကျေးရွာများအရောက် ကွင်းဆင်းဆောင်ရွက်ခြင်းကို ယမန်နေ့နံနက် ၁၀ နာရီ အချိန်ခန့်က ပိတောက်ငုပ်ကျေးရွာအုပ်စု၊ ကန်ကြီးရပ်ကွက်နှင့် မြို့မရပ်ကွက်များသို့ သွားရောက်၍ တောင်သူများနှင့် တွေ့ဆုံပြီး ပညာပေးဆွေးနွေးခြင်းများ ဆောင်ရွက်ခဲ့သည်။

ထိုသို့ဆောင်ရွက်ရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးသန့်စင်နှင့် အဖွဲ့ဝင်များ၊ သက်ဆိုင်ရာ ဌာနများပူပေါင်းပြီး ကျေးရွာအရောက် တောင်သူပညာပေး ဆွေးနွေး ပြောကြားခဲ့သည်။

နတ်မောက်မြို့နယ်အတွင်း ဆီထွက်သီးနှံ နေကြာလျာထားစိုက်ပျိုးမည့် ကျေးရွာအုပ်စု ၆၉ အုပ်စုတွင် မိုးစိုက်ဧက လျာထား (၃၆၂၇၇)ဧက စိုက်ပျိုးသွားမည်ဖြစ်သည့်အတွက် ကြီးကြပ်ရေး ကော်မတီအဖွဲ့များက နယ်မြေဒေသများကို အဖွဲ့ခွဲ၍ ကွင်းဆင်းဆောင်ရွက် လျက်ရှိရာ နေကြာ စိုက်ပျိုးမည့် တောင်သူများအား အသိပညာပေး လုပ်ငန်းများ ဆောင်ရွက်ရခြင်း ဖြစ်ကြောင်း၊ မြို့နယ်စိုက်ပျိုးရေး ဦးစီးဌာနမှ တောင်သူများ နားလည်သည်အထိ အသေးစိတ်ရှင်းလင်း ပြောကြားပြီး နေကြာ စိုက်ပျိုးနိုင်သော မြေအမျိုးအစားအားလုံးတွင် တိုးချဲ့စိုက်ပျိုး နိုင်ရန်အတွက် စိုက်ပျိုးရေး ဦးစီးဌာနမှ နေကြာစိုက်ပျိုးမည့် တောင်သူများထံသို့ ၂၀၂၂ မိုးရာသီ မတိုင်မီ နေကြာမျိုးစေ့ဖြန့်ဖြူးခြင်း လုပ်ငန်းများအပြီး ဆောင်ရွက်သွားမည်ဖြစ်ပြီး ကျန်ရှိနေသည့် ကျေးရွာများကိုလည်း ဆက်လက် ကွင်းဆင်း ဆောင်ရွက်သွားမည်ဖြစ်ကြောင်း မြို့နယ်စိုက်ပျိုးရေး ဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်မြင့်မြင့်ချိုထံမှ သိရသည်။

သတင်း - သင်းသင်းမြတ်

မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)