နောင်ချိုမြို့နယ် ပြည်သူ့စာကြည့်တိုက်တွင် Online မှတစ်ဆင့် အသိပညာပေးအစီအစဉ်များ စဉ်ဆက်မပြတ် ဆောင်ရွက်ပေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

နောင်ချိုမြို့နယ် ပြည်သူ့စာကြည့်တိုက်တွင် Online မှတစ်ဆင့် အသိပညာပေးအစီအစဉ်များ စဉ်ဆက်မပြတ် ဆောင်ရွက်ပေး



MNP -  ဧပြီ   ၂၆

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နောင်ချိုမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦး စီးဌာန၊ ပြည်သူ့စာကြည့်တိုက်တွင် စာပေချစ်မြတ်နိုးသူ ပြည်သူများ စာပေဗဟုသုတရရှိစေရန် ရည်ရွယ်၍ Onlineမှတစ်ဆင့် အသိပညာပေးအစီအစဉ်များကို စဉ်ဆက်မပြတ် ရိုက်ကူးထုတ်လွှင့် ဆောင်ရွက်ပေးလျက်ရှိရာ ယနေ့နံနက် ပိုင်းကကောင်းမြတ်၏ ပွင့်သောပန်းတိုင်းမွေးစေလို စာအုပ်ဖြင့် စာအုပ်မိတ်ဆက်ခြင်းအစီအစဉ်ကို ရိုက်ကူးထုတ်လွှင့် တင်ဆက်ခဲ့ကြောင်း သိရသည်။

ကိုဗစ်-၁၉ရောဂါဖြစ်ပွားနေသည့် ကာလအတွင်း ပြည်သူ့စာကြည့်တိုက်သို့ မလာရောက်နိုင်သည့် စာဖတ်ပရိသတ်ပြည်သူများနှင့် ကျောင်းသား၊ ကျောင်းသူ၊ လူငယ်လူရွယ်များအတွက် အသိပညာဗဟုသုတ များရရှိစေရန်၊ အချိန်ကို အကျိုးရှိစွာ အသုံးချတတ်စေရန်နှင့် စိတ်အပန်းပြေ ပျော်ရွှင်စေရန်ရည်ရွယ်၍ Onlineမှ တစ်ဆင့် သုတ၊ ရသ စာအုပ်စာ‌စောင်မိတ်ဆက်ခြင်း အစီအစဉ်၊ ဆေးရောင်ခြယ် အစီအစဉ်၊ ပုံပြင်ပြောခြင်း၊ ကဗျာရွတ်ဆိုခြင်း ၊ စက္ကူအရုပ်ခေါက် အစီအစဉ်များကို စဉ်ဆက်မပြတ် နောင်ချိုမြို့နယ် ပြည်သူ့စာကြည့်တိုက် Facebook Page မှတစ်ဆင့် နေ့စဉ်ထုတ်လွှင့် ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

သတင်း - ထွေးငယ်

မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)