MNP - ဧပြီ ၂၇
မန္တလေးတိုင်းဒေသကြီး ညောင်ဦးမြို့နယ် သောက်သုံးရေ လိုအပ်လျက်ရှိသော တာလမ်းတဲ တိုက်သို့ ယနေ့ နံနက် ၈ နာရီအချိန်မှ စတင်ပြီး သောက်သုံးရေ ဂါလန် (၁၆၀၀) သွားရောက် လှူဒါန်းခဲ့ကြောင်း အေးမေတ္တာသောက်ရေ အလှူတော်အသင်း အကျိုးဆောင်များထံက သိရသည်။
ရန်ကုန်မြို့ ဝေမျှခြင်းပရဟိတမိသားစုမှ သောက်သုံးရေလိုအပ်လျက်ရှိသော ညောင်ဦးမြို့နယ် တောင်ဇင်းအုပ်စု တာလမ်းတဲတိုက်သို့ ရေဂါလန် ၁၆၀၀ လှူဒါန်းပေးခဲ့ကြောင်း သိရသည်။ ညောင်ဦးမြို့နယ်အတွင်းရှိ သောက်သုံးရေလိုအပ်လျက်ရှိသော တဲတိုက်များ၊ ကျေးရွာများအတွက် ရန်ကုန်မြို့ဝေမျှခြင်းပရဟိတ မိသားစုမှလှူဒါန်း ပေးလျက်ရှိရာ ယခုသောက်သုံးရေ လှူဒါန်းသည့် တာလမ်းတဲတိုက်အတွက် သောက်သုံးရေဂါလန် ၁၆၀၀ လှူဒါန်းခဲ့ပြီးဖြစ်ရာ သောက်သုံးရေ (၁၅၉၈၆၀) ဂါလန် ညောင်ဦးမြို့နယ် သောက်သုံးရေလိုအပ်နေသော ကျေးလက်နေပြည်သူများအား ဖြန့်ဝေပေးနိုင်ခဲ့ကြောင်း သိရသည်။
သတင်း - ကိုထိန်
မြန်မာနေရှင်နယ်ပို့စ်
No comments:
Post a Comment