MNP - ဧပြီ ၂၇
လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ခရိုင်ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနနှင့် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနတို့မှ ရွှေတောင်မြို့နယ်အတွင်းရှိ လေဘေးသင့်၍ အမိုးလန်အိမ်ခြေ(၁၁)လုံးနှင့် အိမ်ထောင်စု ၁၄ စုမှ လူဦးရေ(၅၃)ဦးနှင့် အိမ်ပြို (၃)လုံးတို့အတွက် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေနှင့် ဆန်ရိက္ခာဘိုးငွေနှင့် ထောက်ပံ့ပစ္စည်းများကို ယမန်နေ့ နံနက်ပိုင်းက လေဘေးသင့်ပြည်သူများ၏ လက်ဝယ်အရောက်သွားရောက် ထောက်ပံ့ပေးအပ်ခဲ့သည်။
ပြည်ခရိုင်ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်တင်တင်ချိုနှင့် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနတို့က ၁၉ ရက်နေ့တွင် ဖြစ်ပွားခဲ့သော လေပြင်းတိုက်ခတ်မှုကြောင့်ရွှေတောင်မြို့နယ်၊ ဇီးကျွန်းကျေးရွာအုပ်စု၊ ညောင်စာရေးကျေးရွာအုပ်စု၊ တည်ကုန်းကြီးကျေးရွာအုပ်စုတို့တွင် ပြိုလဲအိမ် (၃)လုံးတို့အတွက် ကယ်ဆယ်ရေးပစ္စည်း (၁၆)မျိုးပါ (၃)ပုံးနှင့် တစ်အိမ် ထောင်လျှင်ငွေကျပ်(၁)သိန်းနှုန်းဖြင့် စုစုပေါင်းငွေကျပ်(၃)သိန်းနှင့် လေဘေးသင့်၍ အမိုးလန်အိမ်ခြေ(၁၁)လုံးတို့အတွက် အိမ်ဆောက်ပစ္စည်းဖိုး(၂၈၅၀၀၀)ကျပ်၊ အိမ်ထောင်စု(၁၄)စုမှ လူဦးရေ(၅၃)ဦးတို့အတွက် ဆန်ဖိုးထောက်ပံ့ငွေ(၁၁၁၃၀၀) စုစုပေါင်း(၆၉၆၃၀၀) ကျပ်အား လေဘေးသင့်အိမ်ထောင်စုများထံ လက်ဝယ်အရောက် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။
သတင်း - ကိုကိုမင်း
မြန်မာနေရှင်နယ်ပို့စ်
No comments:
Post a Comment