MNP ၊ ဧပြီ ၁၂
တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့၏ ဦးဆောင်မှုဖြင့် ကျင်းပမည့်၂၀၂၂ ခုနှစ်၊ မြန်မာ့ရိုးရာမဟာသင်္ကြန်ပွဲတော် အကြိုဇာတ်တိုက် လေ့ကျင့်ခြင်းကိုယနေ့မွန်းလွဲ ၂ နာရီ က ထားဝယ်မြို့၊ မြို့တော်ခန်းမရှေ့ရှိ ဗဟိုမဏ္ဍပ်၌ ကျင်းပပြုလုပ်ခဲ့ကြောင်းသိရသည်။
အဆိုပါဇတ်တိုက်လေ့ကျင့်ခြင်းအားတိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်ဝန်ကြီးများ က ကြည့်ရှုစစ်ဆေးပြီး မြန်မာ့ရိုးရာယဉ်ကျေးမှု မဟာသင်္ကြန် ပွဲတော်စည်ကားသိုက်မြိုက်စွာကျင်းပနိုင်ရေးကြိုတင်ပြင်ဆင် ဆောင်ရွက်ပြီးစီး နေမှုအခြေအနေများကို ကြည်ရှု့စစ်ဆေးပြီး ပြင်ဆင်ဆောင်ရွက်ထားရှိမှုအခြေအနေများအပေါ်လိုအပ်သည်များ ကိုတာဝန်ရှိသူများအား လမ်းညွှန်မှာကြားခဲ့သည်။
ထားဝယ်မြို့ရှိ အတာသင်္ကြန် ပျော်ရွှင်စွာပါဝင်ဆင်နွဲလိုသူများအတွက် ဗဟိုမဏ္ဍပ်၌ သင်္ကြန်ကာလအတွင်း စတုဒီသာ များကိုကျွေးမွေးလှူဒါန်းသွားမည်ဖြစ်ကြောင်းသိရပြီးရေပက်ကစားခြင်းများ၊ ဖျော်ဖြေရေးယိမ်းအကအဖွဲ့များဖြင့် ပြုလုပ်ပေးသွားကြမည်ကြောင်း သိရှိရသည်။
တိုင်းဒေသကြီးအစိုးရအဖွဲ့အနေဖြင့်အများပြည်သူတည်ငြိမ်အေးချမ်းစွာ အတာရေကစားနိုင်ရေးစေရေးနှင့် ကိုဗစ်-၁၉ ကာလအတွင်း မကျင်းပနိုင်ခဲ့သည့် မြန်မာ့ရိုးရာမဟာ သင်္ကြန် ပွဲတော်အား အစဉ်အလာမပြတ် ပြန်လည်ကျင်းပနိုင်ရေး စီစဉ်ဆောင်ရွက်ပေးခဲ့ခြင်းဖြစ်ကြောင်းသိရသည်။
https://t.me/MyanmarNationalPost


No comments:
Post a Comment