MNP - ဧပြီ ၄
၂၀၂၁-၂၀၂၂ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲကို မြန်မာနိုင်ငံတစ်ဝှမ်းတွင် မတ်လ(၃၁) ရက်နေ့မှ စ၍ စတင်ဖြေဆိုလျက်ရှိရာ ရခိုင်ပြည်နယ်၊ ကျောက်ဖြူခရိုင်အတွင်းရှိ စာစစ်ဌာန (၃၅)ခု၌ ဓာတုဗေဒ ဘာသာရပ်အား ကျောင်းသားကျောင်းသူ(၅၅၀၁)ဦးတို့မှ အေးချမ်းစွာဖြင့် ဝင်ရောက်ဖြေဆိုလျက်ရှိကြောင်း သိရသည်။
ကျောက်ဖြူခရိုင်၌ စာစစ်ဌာနပေါင်း(၃၅)ခုရှိသည့်အနက် တက္ကသိုလ်ဝင်စာမေးပွဲ စတုတ္ထနေ့ ဓာတုဗေဒဘာသာရပ်ကို ကျောက်ဖြူမြို့နယ်ရှိ စာစစ်ဌာန(၁၂)ခုတွင် ဖြေဆိုမည့်စာရင်းရှိ ကျောင်းသား၊ ကျောင်းသူ (၂၆၉၇) ဦးရှိပြီး ဖြေဆိုသည့် ကျောင်းသား၊ကျောင်းသူ (၂၄၇၈)ဦးရှိကာ ပျက်ကွက် (၂၁၉) ဦး၊ ဖြေဆိုမှုရာခိုင်နှုန်း ၉၁.၈၈ ရာခိုင်နှုန်း၊ ရမ်းဗြဲမြို့နယ်ရှိ စာစစ်ဌာန(၁၀)ခုတွင် ဖြေဆိုမည့်စာရင်းရှိ ကျောင်းသား၊ကျောင်းသူ (၁၂၅၈)ဦးရှိပြီး ဖြေဆိုသည့် ကျောင်းသား၊ ကျောင်းသူ(၁၁၆၈) ဦးရှိကာ ပျက်ကွက် (၉၀)ဦး၊ ဖြေဆိုမှုရာခိုင်နှုန်း (၉၂.၈၅) ရာခိုင်နှုန်း၊ မာန်အောင်မြို့နယ်ရှိ စာစစ်ဌာန(၅)ခုတွင် ဖြေဆိုမည့်စာရင်းရှိ ကျောင်းသား၊ ကျောင်းသူ (၆၇၀) ဦးရှိပြီး ဖြေဆိုသည့် ကျောင်းသား၊ ကျောင်းသူ (၆၂၀) ဦးရှိကာ ပျက်ကွက် (၅၀)ဦး၊ ဖြေဆိုမှုရာခိုင်နှုန်း (၉၂.၅၄) ရာခိုင်နှုန်း၊ အမ်းမြို့နယ်ရှိ စာစစ် ဌာန(၈)ခုတွင် ဖြေဆိုမည့်စာရင်းရှိ ကျောင်းသား၊ကျောင်းသူ (၁၃၅၂) ဦးရှိပြီး ဖြေဆိုသည့် ကျောင်းသား၊ ကျောင်းသူ (၁၂၃၅) ဦးရှိကာ ပျက်ကွက်(၁၁၇) ဦး၊ ဖြေဆိုမှုရာခိုင်နှုန်း (၉၁.၃၅) ရာခိုင်နှုန်းရှိကြောင်း ခရိုင်ပညာရေးမှူးရုံးမှ သိရသည်။
အဆိုပါ စာမေးပွဲဖြေကျောင်းသား၊ ကျောင်းသူများ စိတ်အေးချမ်းသာစွာဖြင့် ဝင်ရောက်ဖြေဆိုနိုင်ရေးအတွက် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ဦးဆောင်လမ်းညွှန်မှုဖြင့် ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ ကျန်းမာရေးဌာနမှဝန်ထမ်းများ၊ အမှတ်(၂၁)ယာဉ် ထိန်းရဲတပ်ဖွဲ့ဝင်များနှင့် ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူးများက ကျောင်းသား၊ ကျောင်းသူများ ယာဉ်အန္တရာယ်ကင်းရှင်းရေးနှင့် စိတ်အေးချမ်းစွာဖြေဆိုနိုင်ရေး ပူးပေါင်းဆောင်ရွက်လျက်ရှိကြောင်း သိရ သည်။
သတင်း - တင်ထွန်းဦး၊ ဖြိုးဝေလင်း
မြန်မာနေရှင်နယ်ပို့စ်
No comments:
Post a Comment