မိုးညှင်းမြို့၌ မြန်မာ့ရိုးရာအတာသင်္ကြန်ပွဲတော်ကို စည်ကားသိုက်မြိုက်စွာကျင်းပနိုင်ရေး ဒုတိယအကြိမ် ညှိနှိုင်းအစည်းအဝေးကျင်းပ - Myanmar National Post

Myanmar National Post

News Agency

Breaking

မိုးညှင်းမြို့၌ မြန်မာ့ရိုးရာအတာသင်္ကြန်ပွဲတော်ကို စည်ကားသိုက်မြိုက်စွာကျင်းပနိုင်ရေး ဒုတိယအကြိမ် ညှိနှိုင်းအစည်းအဝေးကျင်းပ

 


MNP - ဧပြီ   ၄

ကချင်ပြည်နယ် မိုးညှင်းခရိုင် မိုးညှင်းမြို့တွင် မြန်မာသက္ကရာဇ် ၁၃၈၃ ခု၊ နှစ်သစ်ကူး မြန်မာ့ရိုးရာ အတာသင်္ကြန်ပွဲတော်ကို စည်ကားသိုက်မြိုက်စွာ ကျင်းပနိုင်ရေး ဒုတိယအကြိမ် ညှိနှိုင်းအစည်းအဝေးကို ယနေ့ နံနက် (၁၀)နာရီအချိန်ခန့်က စုပေါင်းရုံးရှိ ခရိုင်အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။

ရှေးဦးစွာ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးညီညီလွင်က အစည်းအဝေးတွင် တက်ရောက်လာကြသည့် သင်္ကြန်ပွဲတော်ကျင်းပရေး ဦးစီးကော်မတီနှင့် ဆပ်ကော်မတီ အဖွဲ့ဝင်များအား အတာသင်္ကြန်ပွဲတော်၊ အန္တရာယ်ကင်း ပရိတ်ရွတ်ဖတ်ပွဲနှင့် သက်ကြီးပူဇော်ပွဲကျင်းပမည့် အစီအစဉ်များ၊ ဧည့်ခံကျွေးမွေးမည့် အစီအစဉ်များနှင့် ပတ်သက်၍ အမှာစကားပြောကြားသည်။

ဆက်လက်၍ အစည်းအဝေးသို့ တက်ရောက်လာကြသည့် သင်္ကြန်ပွဲတော်ကျင်းပရေး ဦးစီးကော်မတီနှင့် ဆပ်ကော်မတီအဖွဲ့ဝင်များမှ သက်ဆိုင်ရာတာဝန်ရှိသူများက ဗဟိုသင်္ကြန်မဏ္ဍပ် တည်ဆောက်နိုင်ရေးအနေဖြင့် လည်းကောင်း၊ ဖိတ်ကြားရေး၊ အခမ်းအနားပြင်ဆင်ရေးနှင့် ကြိုဆိုနေရာချထားနိုင်ရေးအနေဖြင့် လည်းကောင်း၊ ဖျော်ဖြေဧည့်ခံကျွေးမွေးရေးနှင့် ဖွင့်ပွဲ/ ပိတ်ပွဲ ကျင်းပနိုင်ရေးအနေဖြင့် လည်းကောင်း၊ အန္တရာယ်ကင်းပရိတ်တရားနာ ကျင်းပနိုင်ရေးနှင့် သက်ကြီးပူဇော်ပွဲ ကျင်းပနိုင်ရေးအနေဖြင့် လည်းကောင်း လိုအပ်သည်များကို အသီးသီးဆွေးနွေးတင်ပြကြရာ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌက အတာသင်္ကြန်ပွဲတော် စည်ကားသိုက်မြိုက်စွာ ကျင်းပနိုင်ရေးအတွက် လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့သည်။

ထို့နောက် အဆိုပါအဖွဲ့ဝင်များက အရှည်ပေ (၈၀)နှင့် အကျယ် (၂၅)ပေရှိသော ဗဟိုမဏ္ဍပ် တည်ဆောက်နေမှု အခြေအနေများကို လိုက်လံကြည့်ရှု စစ်ဆေးခဲ့ကြသည်။

မြန်မာသက္ကရာဇ် ၁၃၈၃ ခု၊ မြန်မာ့ရိုးရာ အတာသင်္ကြန်ပွဲတော်ကျင်းပရာတွင် မြန်မာ့ဓလေ့ ထုံးတမ်းဓလေ့များနှင့်အညီ အစဉ်အလာမပျက် ဆက်လက်ထိန်းသိမ်းသွားရန်၊ ပြည်သူများ စိတ်ရွှင်လန်းချမ်းမြေ့စွာဖြင့် ရေကစားနိုင်စေရန်နှင့် ရေသဘင်ပွဲတော်တွင် မြန်မာ့ရိုးရာ ဝတ်စားဆင်ယင်မှုကို ဆက်လက်ထိန်းသိမ်းတတ်စေရန်၊ နှစ်သစ်ကူးအခါသမယတွင် ပြည်သူများသည် မိမိတို့ပင်ပန်းနွမ်းနယ်သမျှကို အတာရေပက်ဖျန်းလန်းဆန်းစေပြီး စိတ်သစ်ကိုယ်သစ် စွမ်းအားအပြည့်ဖြင့် ဆောင်ရွက်နိုင်ကြစေရန်နှင့် မြန်မာမှု မြန်မာ့ဟန် မြန်မာ့ယဉ်ကျေးမှု အမွေအနှစ်များ အမျိုးသားရေးလက္ခဏာများကို ဆက်လက်ထိန်းသိမ်း စောင့်ရှောက်တတ်ကြစေရန်အတွက် ရည်ရွယ်၍ အဆိုပါပွဲတော်ကို စည်ကားသိုက်မြိုက်စွာ ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။

သတင်း - ဇွဲသူရအောင်

မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)