ကျိုက်ထိုမြို့နယ်တွင် သောက်သုံးရေပြတ်လပ်မှုမရှိစေရေးအတွက်မီးသတ်ဦးစီးဌာနမှ လှူဒါန်းပေးလျက်ရှိ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ကျိုက်ထိုမြို့နယ်တွင် သောက်သုံးရေပြတ်လပ်မှုမရှိစေရေးအတွက်မီးသတ်ဦးစီးဌာနမှ လှူဒါန်းပေးလျက်ရှိ





MNP ၊  ဧပြီ ၄

မွန်ပြည်နယ်၊ကျိုက်ထိုမြို့နယ်တွင်နွေရာသီရေပြတ်လပ်မှုမရှိစေရေးအတွက်ရေရှားပါးသောရပ်ကွက်များသို့ သန့်ရှင်းသောသောက်သုံးရေရရှိစေရေးအတွက် ဧပြီ (၃)ရက် နေ့ ညနေ ပိုင်းက ကျိုက်ထိုမြို့နယ်မီးသတ် ဦးစီးဌာနမှ သောက်သုံးရေများ  သွားရောက် လှူဒါန်းခဲ့ကြသည်။

ကျိုက်ထိုမြို့နယ်အတွင်း  ကံ့ကော်ရပ်ကွက် ‌ အောင်ချမ်းသာ၊အောင်မြင်သာလမ်းများ ရှိ အချို့သော သောက်သုံး ရေတွင်းများ၊ရေကန်များ တွင် နွေရာသီ ပူပြင်းသော အပူချိန်ကြောင့် ရေများခန်းခြောက်စပြုလာ၍ ပြည်သူများအနေ

ဖြင့်သောက်ရေ အခက်အခဲ များဖြစ်ပေါ်နေခြင်းကြောင့်မြို့နယ်မီးသတ်ဦးစီးမှူး ဦးရဲညွန့် ထွေး နှင့်တပ်ဖွဲ့ဝင်များကမီးသတ်ရေသည်ယာဉ်ဖြင့်ရေဂါလံ(၁၆၀၀)ကို ဖြန့်ဝေ လှူဒါန်းပေးခဲ့ကြောင်းသိရသည်။


သတင်း -  သန်းသန်းမော်(ကျိုက်ထို)

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)