ဆိပ်ဖြူမြို့နယ်တွင် ၂၀၂၂ - ၂၀၂၃ ဒေသန္တရစီမံကိန်း တာဝန်များပေးအပ်ပွဲကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ဆိပ်ဖြူမြို့နယ်တွင် ၂၀၂၂ - ၂၀၂၃ ဒေသန္တရစီမံကိန်း တာဝန်များပေးအပ်ပွဲကျင်းပ



MNP - ဧပြီ   ၂၇

မကွေးတိုင်းဒေသကြီး ဆိပ်ဖြူမြို့နယ်တွင် ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်တွင် အကောင်အထည်ဖော် ဆောင်ရွက်မည့် ဒေသန္တရစီမံကိန်း တာဝန် ပေးအပ်ပွဲကို ဧပြီ ၂၇ ရက်၊ နံနက် ၁ဝနာရီက မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ငွေသဲဖြူခန်းမတွင်ကျင်းပပြုလုပ်သည်။

အဆိုပါအခမ်းအနားကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ ဒေသန္တရစီမံကိန်းကို အကောင်အထည်ဖော် ဆောင်ရွက်မည့် ဌာန ဆိုင်ရာများ တက်ရောက်ခဲ့ကြပြီး မြို့နယ်စီမံ အုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်ကျော်အေးက ဒေသခံပြည်သူများ၏ လူမှုဘဝဖွံ့ဖြိုးတိုးတက်ရေး၊ ကုန်ထုတ်လုပ်ငန်းများ၊ သယံဇာတ၊ အခြေခံအရင်းအမြစ်ကောင်းများအပေါ် မူတည်၍ လယ်ယာ ကဏ္ဍ၊ သားငါးကဏ္ဍ၊ သစ်တောကဏ္ဍ၊ ဆောက်လုပ်ရေးကဏ္ဍ၊ လျှပ်စစ်ကဏ္ဍ အစရှိသော လုပ်ငန်းများကို ယခင်နှစ်လျာထား ဆောင်ရွက်ချက်များ ထက်ကျော်လွန်အောင် ဆောင်ရွက် ကြရေး ဆွေးနွေး ပြောကြားသည်။ ထို့နောက် မြို့နယ်စီမံကိန်းဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဦးသန်းစိုးက ဒေသန္တရစီမံကိန်း တာဝန်ပေးအပ်ရခြင်း ရည်ရွယ်ချက်များ ရှင်းလင်းပြောကြားပြီး ဒေသန္တရစီမံကိန်းကို အကောင်ထည်ဖော်ဆောင်ရွက်မည့် ဌာနဆိုင်ရာများအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များက ဒေသန္တရစီမံကိန်းတာဝန်များ ပေးအပ်ခဲ့ကြောင်းသိရှိရသည်။

သတင်း - စိုးလင်းနိုင်

မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)