MNP ၊ ဧပြီ ၁၇
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အဖွဲ့ဝင် ဦးသိန်းညွန့်က နှစ်သစ်ကူး နှုတ်ခွန်းဆက်စကား ပြောကြားရာမှာ "အမေရိကန်နဲ့ အနောက်အုပ်စုရဲ့ စွက်ဖက်မှု၊ ကျူးကျော်မှုနဲ့ ဖောက်ပြန်တဲ့ အယူအဆ ရိုက်သွင်းမှုကို နိုင်ငံတော်သစ္စာဖောက်အုပ်စုက အသုံးချခံတယ်။" လို့ ထည့်သွင်း ပြောကြားသွားပါတယ်။
ဦးသိန်းညွန့်ရဲ့ နှုတ်ခွန်းဆက်စကားမှာ "မြန်မာသက္ကရာဇ် ၁၃၈၃ခုနှစ်ဟာ မြန်မာ့အချုပ်အခြာအာဏာနဲ့ နိုင်ငံအလုံးစုံ ပျက်သုဉ်းစေလိုတဲ့ ရန်သူပေါင်းစုံကို ရင်ဆိုင်ပြီး ကြီးမားတဲ့အခက်အခဲနဲ့ အကြပ်အတည်းများကို ကျော်ဖြတ်ခဲ့ရတဲ့ နှစ်ဖြစ်ပါတယ်။ အမေရိကန်နဲ့ အနောက်အုပ်စုရဲ့ စွက်ဖက်မှု၊ ကျူးကျော်မှုနဲ့ ဖောက်ပြန်တဲ့ အယူအဆ ရိုက်သွင်းမှုကို နိုင်ငံတော်သစ္စာဖောက်အုပ်စုက အသုံးချခံတယ်။ သူတို့ဟာ အကြမ်းဖက်သမားများ၊ ဓမ္မန္တရာယ်များနဲ့ နိုင်ငံခြားသူလျှိုများအဖြစ် ရပ်တည်နေတယ်ဆိုတာ မျက်နှာဖုံးချွတ်ပြနေပါပြီ။ ဘာပဲဖြစ်ဖြစ် ဘယ်သူတွေဟာ နိုင်ငံတော်သစ္စာဖောက်တွေ၊ ဘယ်သူတွေဟာ တိုင်းချစ်ပြည်ချစ်ပုဂ္ဂိုလ်တွေ ဖြစ်တယ်ဆိုတာ ယနေ့တိုက်ပွဲက ပြတ်သားစွာ ခွဲခြားပေးလိုက်ပါပြီ။ ဒါကြောင့် သူတို့ရဲ့ ပြည်တွင်းသစ္စာဖောက် လုပ်ကြံမှုများနဲ့ ငွေကြေး၊ လက်နက်စတဲ့ အားပေးအထောက်အကူပြုမှုတွေကို ရိုက်ချိုးပစ်ရပါမယ်။ သူတို့ မုချရှုံးနေပြီး မြန်မာတွေ မုချ အောင်ပွဲခံရမယ်။ ဘာကြောင့်လဲဆိုရင် ယနေ့ အမျိုးသားအင်အားစုတွေဟာ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ရဲ့ ခေါင်းဆောင်မှုအောက်မှ ခိုင်မာစွာ ရပ်တည်နေကြပါပြီ။ ယခုလာမယ့် နှစ်သစ်ကူး မြန်မာသက္ကရာဇ် ၁၃၈၄ ခုနှစ်ဟာ နိုင်ငံတာ်သစ္စာဖောက်များကြောင့် ပေါ်ပေါက်လာတဲ့ အညစ်အကြေးများကို စွန့်ပစ်နိုင်ရပါမယ်။ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်၊ မြန်မာ့တပ်မတော်နဲ့ မြန်မာ့အချုပ်အခြာအာဏာကို တန်ဖိုးထားတဲ့ မြန်မာတွေ မှန်ကန်ကြောင်းကို သမိုင်းက သက်သေခံပါမယ်" လို့ ပြောကြားသွားခြင်း ဖြစ်ပါတယ်။
ဒါကတော့ နိုင်ငံတော်အတွင်းမှာ တည်ငြိမ်အေးချမ်းမှု ပျက်ပြားစေရန်နှင့် အလုံးစုံပျက်သုဉ်းရေးကို လုပ်ဆောင်နေကြတဲ့ NLD အစွန်းရောက် အကြမ်းဖက်ဝါဒီတွေရဲ့ လုပ်ရပ်နဲ့ ပတ်သက်လို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်တစ်ဦးက ပြတ်သားစွာ ပြောဆိုလိုက်ခြင်းပဲ ဖြစ်ပါတယ်။
https://t.me/MyanmarNationalPost

No comments:
Post a Comment