MNP ၊ ဧပြီ ၁၇
၁၃၈၄ခုနှစ် မြန်မာနှစ်ဆန်း(၁)ရက်နေ့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီက ဂုဏ်ထူးဆောင်ဘွဲ့များ၊ ဂုဏ်ထူးဆောင်တံဆိပ်များ ချီးမြှင့်အပ်နှင်းကြောင်း ထုတ်ပြန်ကြေညာခဲ့ရာ နိုင်ငံကျော်အဆိုတော် သန်းမြတ်စိုးနှင့် တက္ကသိုလ်လဲ့လဲ့ တို့အား ပညာရပ်ဆိုင်ရာ ထူးချွန်တံဆိပ်များ အနုပညာထူးချွန်တံဆိပ် (ပထမအဆင့်) ချီးမြှင့်အပ်နှင်းကြောင်း ထည့်သွင်းကြေညာသွားသည်။
ပညာရပ်ဆိုင်ရာ ထူးချွန်တံဆိပ်များ ချီးမြှင့်ခြင်း၊ အနုပညာထူးချွန်တံဆိပ် (ပထမအဆင့်) ၁၈ ဦး ချီးမြှင့်ရာတွင် အဆိုတော် သန်းမြတ်စိုးနှင့် အဆိုတော် တက္ကသိုလ်လဲ့လဲ့ တို့ ပါဝင်သည်။
ပညာရပ်ဆိုင်ရာ ထူးချွန်တံဆိပ်များ အနုပညာထူးချွန်တံဆိပ် ကို အတီးပညာရှင်၊ အဆိုပညာရှင်၊ တေးရေးပညာရှင်၊ ဂီတပညာရှင်၊ ဆိုင်းပညာရှင်များအား ပေးအပ်ခြင်းဖြစ်သည်။
https://t.me/MyanmarNationalPost

No comments:
Post a Comment