MNP ၊ ဧပြီ ၁၇
၁၃၈၄ခုနှစ်၊ နှစ်ဆန်းတစ်ရက်နေ့ နှုတ်ခွန်းဆက်စကား ပြောကြားရာမှာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အဖွဲ့ဝင် ဦးခင်မောင်ဆွေက "နိုင်ငံတော်ကြီးကို တစ်စစီပြိုကွဲသွားအောင် ဖျက်ဆီးမယ့်အန္တရာယ်တွေကို အမြစ်ကမကျန် စုပေါင်းတွန်းလှန်ကြမှ ဖြစ်ပါလိမ့်မယ်လို့" ထည့်သွင်း ပြောကြားသွားသည်။
ဦးခင်မောင်ဆွေက "မိဘပြည်သူများခင်ဗျာ ဘာသာ သာသနာကို စော်ကားမယ့်အန္တရာယ်တွေ၊ ပြည်သူ့အသက်အိုးအိမ်စည်းစိမ်တွေကို ထိပါးမယ့် အန္တရာယ်တွေ၊ နိုင်ငံတော်ကြီးကို တစ်စစီပြိုကွဲသွားအောင် ဖျက်ဆီးမယ့်အန္တရာယ်တွေကို အမြစ်ကမကျန် စုပေါင်းတွန်းလှန်ကြမှ ဖြစ်ပါလိမ့်မယ်လို့ ကျွန်တော် တင်ပြချင်ပါတယ်။ ဒါကြောင့် ပြည်သူများရဲ့အားကို လိုပါတယ်လို့ ကျွန်တော် ထပ်ခါတလဲလဲ တင်ပြတောင်းဆိုနေရတာ ဖြစ်ပါတယ်။ တကယ်တော့ ပြည်သူတွေဟာ ငြိမ်းချမ်းစွာနေလိုကြတဲ့ ပြည်သူတွေ ဖြစ်ပါတယ်။ အဲဒီလို နေလိုကြတဲ့ ပြည်သူတွေအတွက် မှန်ကန်တဲ့ နိုင်ငံရေးထွက်ပေါက်ဖြစ်တဲ့ ရွေးကောက်ပွဲကြီးကို ဖြတ်သန်းပြီးတော့မှ ကျွန်တော်တို့တတွေအားလုံးဟာ ချစ်သူ၊ မုန်းသူ မရှိ။ ပြည်သူအားလုံးဟာ ဒီမှန်ကန်တဲ့ နိုင်ငံရေးထွက်ပေါက်က ထွက်ပြီးတော့ကာ ငြိမ်းချမ်းရေးနဲ့အတူ ဖက်ဒရယ်ဒီမိုကရေစီ နိုင်ငံတော်သစ်ကြီးကို ဝိုင်းဝန်းတည်ဆောက်ကြပါစို့လို့ တိုက်တွန်းရင်း နိဂုံးချုပ်ပါတယ်။ အားလုံး ကျန်းမာချမ်းသာစေကြောင်း ဆုတောင်းပါတယ် ခင်ဗျာ" ဟု ပြောကြားသွားခြင်းဖြစ်သည်။
ဦးခင်မောင်ဆွေအနေနဖြင့် NLD ပါတီ အာဏာရနေသည့်ကာလ က ၂၀၂၀ ရွေးကောက်ပွဲကို မှန်မှန်ကန်ကန်လုပ်ဖို့ နိုင်ငံရေးသမိုင်းမှာ အမဲကွက်ကြီး ထင်ကျန်အောင် မလုပ်ဖို့ သတိပေးပြောကြားခဲ့ဖူးသည်။ NLD ပါတီသည် ရွေးကောက်ပွဲတွင် မသမာမှုများ ပြုလုပ်ပြီး အချုပ်အခြာအာဏာကို ရယူရန် ကြိုပမ်းရာမှ နိုင်ငံရေးပဋိပက္ခများ ပေါ်ပေါက်လာခဲ့ပြီး တပ်မတော်က ဖွဲ့စည်းပုံအခြေခံဥပဒေအရ အာဏာအရပ်ရပ်ကို လွှဲပြောင်းရယူခဲ့ပြီးသည့် နောက်ပိုင်းတွင်လည်း NLD ဦးဆောင်သူများနှင့် အပေါင်းအပါများသည် ဆူပူအကြမ်းဖက်၊ လုပ်ကြံသတ်ဖြတ်မှုများ ဖြစ်ပေါ်စေရန်အထိ လုပ်ဆောင်လာခဲ့ကြခြင်း ဖြစ်သည်။
https://t.me/MyanmarNationalPost

No comments:
Post a Comment