မြေပုံမြို့နယ်၌ တက္ကသိုလ်ဝင်စာမေးပွဲ ဓာတုဗေဒဘာသာရပ်အား ကျောင်းသား၊ ကျောင်းသူ များဆက်လက်ဖြေဆို - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မြေပုံမြို့နယ်၌ တက္ကသိုလ်ဝင်စာမေးပွဲ ဓာတုဗေဒဘာသာရပ်အား ကျောင်းသား၊ ကျောင်းသူ များဆက်လက်ဖြေဆို

 


MNP - ဧပြီ   ၄

ရခိုင်ပြည်နယ်၊ မြောက်ဦးခရိုင်၊ မြေပုံမြို့နယ်အတွင်း ၂၀၂၁-၂၀၂၂ ပညာသင်နှစ် တက္ကသိုလ်ဝင် စာမေးပွဲ ဓာတုဗေဒ ဘာသာရပ်အားယနေ့နံနက် ၉ နာရီအချိန်က စတင်ကာ မြန်မာ တစ် နိုင်ငံလုံးတွင် တစ်ပြိုင်နက်တည်းဖြေဆိုလျက်ရှိရာ မြေပုံမြို့နယ်အတွင်း စာစစ်ဌာန(၈)ခု၌ ကျောင်းသား၊ ကျောင်းသူစုစုပေါင်း (၁၆၁၇)ဦးတို့က တည်ငြိမ်အေးချမ်းစွာ ဝင်ရောက် ဖြေဆိုလျက်ရှိကြောင်း သိရသည်။ 

ထို့နောက် ကျောင်းသား၊ ကျောင်းသူများ အေးချမ်းတည်ငြိမ်စွာ ဖြေဆိုနိုင်ရန်အတွက် မြို့နယ်အ ဆင့်ဌာနဆိုင်ရာများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ ကျန်းမာရေးဝန်ထမ်းများ၊ ရပ်ကွက်ကျေးရွာအုပ်ချုပ်ရေးမှူးများ၊ မြန်မာနိုင်ငံ ကြက်ခြေနီ သူနာပြုတပ်ဖွဲ့ဝင်များမှအတွင်းစည်း၊ အပြင်စည်းများဖြင့် ဝိုင်းဝန်းကူညီ စောင့်ရှောက် ပေးလျက်ရှိသည်။ မြေပုံမြို့နယ်တွင်းရှိစာ စစ်ဌာန (၈)ခုတွင် တက္ကသိုလ်ဝင်စာမေးပွဲ ဓာတုဗေဒ ဘာသာအားဝင်ရောက်ဖြေဆိုမည့် စာရင်းရှိကျောင်းသား၊ ကျောင်းသူ စုစုပေါင်း (၁၆၁၇)ဦးရှိပြီး  အထက-မြေပုံ စာစစ်ဌာနတွင် ဝင်ရောက်ဖြေဆိုသူ (၄၃၉)ဦး၊ အထက-သဲတန်း စာစစ်ဌာနတွင်(၂၄၃)ဦး၊ အလက(ခွဲ)ကံသာထွက်ဝ စာစစ်ဌာနတွင်(၈၅)ဦး၊ အထက ကြာအင်းတောင်စာစစ်ဌာနတွင်(၁၁၇)ဦး၊ အထက-ရက်ချောင်း စာစစ်ဌာနတွင်(၁၀၅)ဦး၊ အထက-ယိုးဆနွင်း စာစစ်ဌာနတွင်(၄၆)ဦး၊ အထက-ကမ်းထောင်းကြီး စာစစ် ဌာနတွင် (၄၅၉)ဦး၊ အထက-သရက်တောင်စာစစ်ဌာနတွင်(၁၂၃) ဦးတို့ ဝင်ရောက်ဖြေဆိုလျက်ရှိ ကြောင်း သိရသည်။

သတင်း - တင်ဝင်း


No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)