နမ္မတူမြို့နယ်တွင် မြို့နယ်အဆင့်ဌာနဆိုင်ရာများ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကျင်းပပြုလုပ် - Myanmar National Post

Myanmar National Post

News Agency

Breaking

နမ္မတူမြို့နယ်တွင် မြို့နယ်အဆင့်ဌာနဆိုင်ရာများ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကျင်းပပြုလုပ်




MNP -  ဧပြီ   ၄  

ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နမ္မတူမြို့နယ်တွင် မြို့နယ်အဆင့် ဌာနဆိုင်ရာများ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယမန်နေ့မွန်းလွဲ (၁)နာရီအချိန်က နမ္မတူမြို့နယ် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်း အဝေးခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။

အဆိုပါ မြို့နယ်အဆင့်ဌာနဆိုင်ရာများ လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ မြို့နယ်ချုပ်ချုပ်ရေးမှူး ဦးဝင်းမင်းထွန်းက မြို့နယ်အတွင်း ဒေသဖွံ့ဖြိုးရေး ဆောင်ရွက်နေသည့် လုပ်ငန်းများအား ရှင်းလင်းပြောကြားခြင်း၊ ယခုအခါ နွေရာသီရောက်လာပြီ ဖြစ်သဖြင့် မီးဘေးလုံခြုံရေး အထူးဂရုစိုက်ကြရန်၊ အခြေခံ လူဦးရေစာရင်း ပြည့်စုံမှန်ကန်စေရေးအတွက်  စနစ်တကျ တိုက်ဆိုင်စစ်ဆေးဆောင်ရွက်ခြင်းနှင့် စာရင်းရေးသွင်းမှုများ ဆောင်ရွက်ရာတွင် သက်ဆိုင်ရာတာဝန်ရှိဌာနများမှ ပူးပေါင်းပါဝင်ဆောင်ရွက်နိုင်ရေး၊ နှစ်ဆန်း (၁)ရက်နေ့တွင် အသက် (၈၅)နှစ်နှင့် သက်ကြီးဘိုးဘွားများအား သက်ကြီးပူဇော်ပွဲ ကျင်းပသွားမည်ဖြစ်ကြောင်း ရှင်းလင်း ပြောကြားခဲ့သည်။

 ထို့နောက် တက်ရောက်လာကြသည့် ဌာနဆိုင်ရာအကြီးအကဲများ၊ ရပ်မိရပ်ဖများနှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးများက တင်ပြလိုသည့်အကြောင်းအရာများအား တင်ပြဆွေးနွေးခဲ့ကြရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌမှ ပေါင်းစပ်ကူညီ ဆောင်ရွက်နိုင်ရေး ပြန်လည်ဖြည့်ဆွက် ဆွေးနွေးပေးခဲ့ကြောင်း သိရသည်။

သတင်း- လူမော်

မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)