အမ်းမြို့နယ်၌ တက္က သိုလ်ဝင်စာမေးပွဲ ကို စာစစ်ဌာန (၈)ခု ၌ (၁၉၂၇)ဦး တတိယနေ့ သင်္ချာဘာသာရပ်အားဖြေဆို - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

အမ်းမြို့နယ်၌ တက္က သိုလ်ဝင်စာမေးပွဲ ကို စာစစ်ဌာန (၈)ခု ၌ (၁၉၂၇)ဦး တတိယနေ့ သင်္ချာဘာသာရပ်အားဖြေဆို





         

MNP ၊ ဧပြီ ၂

ရခိုင်ပြည်နယ် ကျောက်ဖြူခရိုင် အမ်းမြို့နယ် ၌ ၂၀၂၁/၂၀၂၂-ခုနှစ်ပညာသင်နှစ်တက္ကသိုလ်ဝင်စာ မေးပွဲများအား ယနေ့ နံနက် ၉ နာရီ အချိန် တတိယ နေ့ အဖြစ် သင်္ချာဘာသာရပ်အားစစ်ဆေးလျက်ရှိရာ ကျောင်းသားကျောင်းသူ များအေး ချမ်းတည် ငြိမ်စွာဖြင့်စာစစ်ဌာန(၈)ခု ၌ (၁၉၂၇)ဦး ဖြေဆိုလျက်ရှိ ကြောင်းသိရသည်။

အမ်းမြို့နယ်တွင် စာစစ်ဌာန စုစုပေါင်း (၈)ခု ၌ တက္ကသိုလ်ဝင်စာမေးပွဲဝင်ရောက်ဖြေဆိုရန်စာရင်းရှိသူကျောင်း သား/ကျောင်းသူ စုစုပေါင်း(၂၂၁၈) ဦး အနက်(၁၉၃၄ )ဦး ဝင်ရောက်ဖြေဆိုခဲ့ရာ- အထက(၁)စာစစ်ဌာ၌ဖြေဆိုသူ(၃၆၆)ဦး၊အထက (၂) စာစစ်ဌာန ၌ဖြေဆိုသူ(၂၂၆)ဦး၊ အထက (၃) အရှေ့ပိုင်းစာစစ်ဌာန ၌ဖြေဆိုသူ (၃၂၇)ဦး၊အထက ရူးစာစစ်ဌာန ၌ ဖြေဆိုသူ (၁၂၁ )ဦး၊  အထက ဒါးလက် အ နောက် ၌ ဖြေဆိုသူ (၁၂၁) ဦး၊ အထက တပ်တောင် စာစစ်ဌာန ၌ ဖြေဆိုသူ( ၄၆၄ )ဦး၊အထက မင်းတက်စာစစ်ဌာ ၌ ဖြေဆိုသူ (၁၈၄)ဦး၊ နှင့်အထက ကျောက်မြောင်းစာစစ်ဌာန၌ ဖြေဆိုသူ (၁၂၅) ဦး၊စုစုပေါင်းဖြေဆိုသူ (၁၉၃၄) ဦး ရာပျက် ကွက်သူ စုစုပေါင်း (၂၈၄) ဦးရှိရာမှ ယနေ့ သင်္ချာဘာသာရပ်၌ဖြေသိုသူ (၁၉၂၇) ဦး နှင့် ပျက်ကွက်သူ (၂၉၁) ဦး ရှိရာဖြေဆိုသူရာခိုင်နှုန်း ( ၈၆.၈၈) တို့မှာအေးချမ်းစွာဖြေဆိုလျက်ရှိ ကြောင်းသိရသည်။

အဆိုပါတက္ကသိုလ်ဝင်စာမေးပွဲ ဖြေဆိုနေကြသော ကျောင်းသားကျောင်းသူများ အေးချမ်းစွာ ဖြေဆိုနိုင်ရေးအတွက် မြန်မာနိုင်ငံရဲတပ်ဖွဲ့ ၊ဌာနဆိုင်ရာများ၊ရပ်ကွက် အုပ်ချုပ်ရေးမှူးများနှင့် ပူးပေါင်းအဖွဲ့ဖြင့် အပြင်စည်းလုံခြုံရေး ဆောင်ရွက်ပေးလျက်ရှိရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များက စာစစ်ဌာနများသို့ လှည့်လည်ကြည့် ရှုစစ်ဆေးကြကြောင်း သိရသည်။

 

 သတင်း - စိုးမင်းထွန်း

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)