ဟားခါးမြို့၌ ပြည်သူ ၃၇၁ ဦးအား ကိုဗစ်−၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံပြီးစီး - Myanmar National Post

Myanmar National Post

News Agency

Breaking

ဟားခါးမြို့၌ ပြည်သူ ၃၇၁ ဦးအား ကိုဗစ်−၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံပြီးစီး




MNP - ဧပြီ    ၂

ချင်းပြည်နယ်၊ ဟားခါးမြို့နယ်၌ ကိုဗစ်-၁၉ ရောဂါကူးစက်မှု လျော့နည်းကျဆင်းပပျောက်နိုင်ရေးအတွက် မတ်လ ၂၉ ရက်နေ့မှ ယမန်နေ့အထိ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး First Dose နှင့် Second Dose ထိုးနှံပေးလျက်ရှိရာ ပြည်သူ ၃၇၁ ဦးက လာရောက်ထိုးနှံကြကြောင်း သိရ သည်။

ကာကွယ်ဆေးကို အမှတ်(၁)၊ အမှတ် (၂) အခြေခံပညာအထက်တန်းကျောင်းနှင့် ဆိုင်ကလုံး ရှက်တာ စသည့် ဆေးထိုးစုရပ်သုံးနေရာခွဲ၍  ထိုးနှံပေးခြင်းဖြစ်ပြီး အမှတ် (၁) အခြေခံပညာ အထက်တန်းကျောင်းတွင် First Dose ထိုးနှံသူ ၁၃၄ ဦး၊ Second Dose ထိုးနှံသူ ၅၀ ဦး၊ ပေါင်း ၁၈၄ ဦး၊ အမှတ် (၂) အခြေခံပညာအထက်တန်းကျောင်းတွင် First Dose ထိုးနှံသူ ၆၁ ဦး၊ ဆိုင်ကလုံးရှက်တာတွင် First Dose ထိုးနှံသူ ၁၂၆ ဦးရှိသဖြင့် စုစုပေါင်း First Dose ထိုးနှံသူ ( ၃၂၁) ဦး၊  Second Dose သူ (၅၀) ဦးနှင့် ကာကွယ်ဆေးထိုးနှံသူစုစုပေါင်း (၃၇၁) ဦးဖြစ် ကြောင်း သိရသည်။

သတင်း - မောင်တက်လမ်း

မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)