MNP ၊ ဧပြီ ၁၇
ရခိုင်ပြည်နယ်၊ မောင်တောမြို့၌ ၁၃၈၃-၁၃၈၄ ခုနှစ် ၊ နှစ်ဆန်းတစ်ရက်နေ့တွင် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့မှ ဦးဆောင်ကြီးကြပ်ပြီး ဇီဝိတဒါန ငါးလွှတ်ပွဲကို ယနေ့ နံနက် ၇ နာရီ အချိန် (၄)မိုင်ရပ်ကွက် သီဟိုအေး ကျေးရွာ ချောင်းငယ် အတွင်း ကျင်းပပြုလုပ်ခဲ့သည်။
အဆိုပါ ဇီဝိတဒါန ငါးလွှတ်ပွဲသို့ ခရိုင်စီမံအုပ်ချုပ်ရေး အဖွဲ့ ဥက္ကဋ္ဌ ဦးနေဦး ၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင် ဒုတိယ ဗိုလ်မှူး ကြီး ကျော်သူဝင်း နှင့်အဖွဲ့ဝင်များ ၊ ခေတ္တမြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ ဥက္ကဋ္ဌ ဦးစည်သူလင်း ၊ မြို့နယ်စီမံ အုပ်ချုပ်ရေးအဖွဲ့ဝင် ဗိုလ်မှူးတင်ဝင်းထွဋ် နှင့် အဖွဲ့ဝင်များ ၊ ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများနှင့် တာဝန်ရှိသူများက တက်ရောက်ခဲ့ကြပြီး (၄)မိုင်ရပ်ကွက် သီဟိုအေးကျေးရွာ ချောင်းငယ်အတွင်း ထိုင်းငခုံမ အကောင်ရေ ၃၀၀ ကျော် လွှတ်ပေး ခဲ့ကြ ကြောင်း သိရသည်။
သတင်း - သက်လွင်စိုး
https://t.me/MyanmarNationalPost
No comments:
Post a Comment