ရွှေကျင်မြို့၌ အန္တရာယ်ကင်း ပရိတ်တရားတော်များ ရွတ်ဖတ်ပူဇော်ခြင်းနှင့် သက်ကြီးပူဇော်ပွဲကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ရွှေကျင်မြို့၌ အန္တရာယ်ကင်း ပရိတ်တရားတော်များ ရွတ်ဖတ်ပူဇော်ခြင်းနှင့် သက်ကြီးပူဇော်ပွဲကျင်းပ




MNP - ဧပြီ   ၁၇

ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ရွှေကျင်မြို့နယ်တွင် ယနေ့နံနက်ပိုင်း၌ အန္တရာယ်ကင်း ပရိတ်တရားတော်များ ရွတ်ဖတ်ပူဇော်ခြင်းနှင့် သက်ကြီးပူဇော်ကန်တော့ပွဲ ကျင်းပပြုလုပ်သည်။

 အန္တရာယ်ကင်း ပရိတ်တရားတော်များ ရွတ်ဖတ်ပူဇော် နာကြားခြင်းကို နံနက် ၆ နာရီတွင်  မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ပြီး သက်ကြီး ပူဇော်ကန်တော့ပွဲအား နံနက် ၈ နာရီအချိန်တွင် မြို့နယ်စည်ပင်သာယာခန်းမ၌ ဆက်လက်ကျင်းပသည်။

အဆိုပါ သက်ကြီးပူဇော်ကန်တော့ပွဲတွင် အသက် (၉၀)နှစ်ကျော် အဘိုးအဘွားများအား တစ်ဦးလျှင် ငွေကျပ်နှစ်သောင်းနှုန်းဖြင့် မြန်မာ့ရိုးရာဂါရဝတရားနှင့်အညီ ပူဇော်ကန်တော့ကြခြင်းဖြစ်ပြီး သက်ကြီး ပူဇော်ပွဲသို့ အဘိုးအဘွား  ၂၅ ဦးတက်ရောက်လာကြပြီး ရွှေကျင်တစ်မြို့နယ်လုံးတွင် အသက်(၉၀)နှစ်ကျော် အဘိုးအဘွားဦးရေ  ၁၃၀  ဦးရှိကြောင်း သိသည်။

မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)