လုပ်ငန်းတာဝန်ထမ်းဆောင်စဉ် ထိခိုက်သေဆုံးသွားသည့် အာမခံအလုပ်သမား၏ ကျန်ရစ်သူ မိသားစု အကျိုးခံစားခွင့် ငွေလုံးငွေရင်း ကျပ်သိန်း (၁၅၀) ပေးအပ်သည့်အခမ်းနားကျင်းပ - Myanmar National Post

Myanmar National Post

News Agency

Breaking

လုပ်ငန်းတာဝန်ထမ်းဆောင်စဉ် ထိခိုက်သေဆုံးသွားသည့် အာမခံအလုပ်သမား၏ ကျန်ရစ်သူ မိသားစု အကျိုးခံစားခွင့် ငွေလုံးငွေရင်း ကျပ်သိန်း (၁၅၀) ပေးအပ်သည့်အခမ်းနားကျင်းပ

MNP - ဧပြီ   ၂၈

စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးခရိုင်၊ ကလေးမြို့တွင် လုပ်ငန်းတာဝန်ထမ်းဆောင်စဉ် ထိခိုက် သေဆုံးသွားသည့် အာမခံအလုပ်သမား၏ ကျန်ရစ်သူမိသားစုအကျိုးခံစားခွင့် ငွေလုံးငွေရင်းအဆ (၅၀) အတွက်ကျပ် (၁၅၀၀၀၀၀၀) (ကျပ်တစ်ရာ့ငါးဆယ်သိန်းတိတိ) ပေးအပ်သည့် အခမ်းနားကို ယနေ့နံနက်ပိုင်းက ကလေးခရိုင် အစည်းအဝေးခန်းမ၌ မြို့နယ်လူမှုဖူလုံရေးရုံး တာဝန်ရှိသူများက သေဆုံးသူ ဦးအောင်မျိုးနိုင်၏ဇနီးမှ အထူးကိုယ်စားလှယ်လွှဲအပ်ခံထားရသူထံ ပေးအပ်ခဲ့ကြောင်း သိရသည်။

အခမ်းအနားတွင် ကလေးမြို့နယ်လူမှုဖူလုံရေးရုံးမှ တာဝန်ခံအရာရှိ ဒေါ်ကြည်ကြည်လွင်မှ လုပ်ငန်းခွင်ထိခိုက်မှုအရအကျိုးခံစားခွင့် ထုတ်ပေးရခြင်းအကြောင်းနှင့် လူမှုဖူလုံရေး အကျိုးခံစားခွင့်များကို ရှင်းလင်းပြောကြားခဲ့ပြီး၊ ကလေးခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်စွာထွန်းမှ ကျန်ရစ်သူ အကျိုးခံစားခွင့်များကို သေဆုံးသူဦးမျိုးအောင်နိုင်၏ ဇနီးဖြစ်သူမှ အထူးကိုယ်စားလှယ်လွှဲအပ်ခံထားရသူ ဦးအောင်မြင့်သန်းထံသို့ ပေးအပ်ခဲ့ကြောင်း သိရသည်။

အခမ်းအနားသို့ ကလေးခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ အလုပ်သမားရေးရာဝန်ကြီးဌာန၊ မိတ်ဖက် အဖွဲ့စည်းများမှ တာဝန်ခံအရာရှိများ၊ ကလေးမြို့လူမှုဖူလုံရေးရုံးတွင် အကျုံးဝင်မှတ်ပုံတင်ထား သော ဌာနဆိုင်ရာတာဝန်ခံများ၊  အလုပ်ရှင်ကိုယ်စားလှယ်များ၊ အလုပ်သမားကိုယ်စားလှယ်များနှင့် ဖိတ်ကြားထားသူများ တက်ရောက်ခဲ့ကြသည်။

သေဆုံးသူမှာ ကလေးမြို့၊ ကလေးခရိုင်လျှပ်စစ်အင်ဂျင်နီယာဌာနတွင် တာဝန်ထမ်းဆောင်၍ မြို့နယ်လူမှုဖူလုံရေးရုံးတွင် အကျုံးဝင်မှတ်ပုံတင်ထား အလုပ်သမားတစ်ဦးဖြစ်ပြီး ၂၀၂၂ခုနှစ်၊ ဇန်နဝါရီလ (၉) ရက်နေ့တွင် ခရိုင်လျှပ်စစ်ရုံးဝန်းအတွင်း အမည်မသိသေနတ်ကိုင်ဆောင်သူ (၂) ဦးမှပစ်ခတ်ခြင်းခံခဲ့ရ၍ အလုပ်တွင်ထိခိုက်မှုအရ  သေဆုံးမှု အတွက် ကျန်ရစ်သူအကျိုးခံစား အနေဖြင့် ၂၀၁၂ ခုနှစ်၊ လူမှုဖူလုံရေး ဥပဒေနှင့်အညီ အကျိုးခံစားခွင့်အဖြစ် အသုဘစရိတ်တွင် ငွေကျပ်(၁၅)သိန်းနှင့် ယခုငွေလုံးငွေရင်း ကျပ် သိန်း(၁၅၀၀၀၀၀၀)ကို ခွင့်ပြုထုတ်ပေးခဲ့ခြင်း ဖြစ်ကြောင်း မြို့နယ်လူမှုဖူလုံရေးဦးစီးဌာနမှ သိရသည်။

သတင်း - မောင်ကျော်

မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)