မြောင်းမြတွင် ရွေ့လျားစာကြည့်တိုက်မော်တော်ယာဉ် (Mobile Library Bus) ဖြင့် ကျေးရွာများအရောက် စာအုပ်စာစောင်များ ငှားရမ်းပေး - Myanmar National Post

Myanmar National Post

News Agency

Breaking

မြောင်းမြတွင် ရွေ့လျားစာကြည့်တိုက်မော်တော်ယာဉ် (Mobile Library Bus) ဖြင့် ကျေးရွာများအရောက် စာအုပ်စာစောင်များ ငှားရမ်းပေး



MNP -  ဧပြီ   ၂၈

ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်တွင် ရွေ့လျားစာကြည့်တိုက် မော်တော်ယာဉ် (Mobile Library Bus) ဖြင့် စာပေဝါသနာရှင် အများပြည်သူများ စာပေနှင့်စဉ်ဆက်မပြတ်စေရေး ရည်ရွယ်၍ ယမန်နေ့ နံနက်က ကြာဖူးငုံလက်ပံကျေးရွာသို့ မြောင်းမြခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက သုတရသစာအုပ်စာစောင်မျိုးစုံ ယူဆောင်၍ အိမ်တိုင်ရာရောက် စာဖတ်သူလက်ဝယ်အရောက် သွားရောက်ငှားရမ်းပေးခဲ့ကြသည်။

ယခုလို Mobile Library Bus ဖြင့် စာအုပ်စာစောင်များကို ငှားရမ်းပေးခြင်းဖြင့် စာပေကို ချစ်မြတ်နိုးပြီးစာပေနှင့် မဝေးကွာလိုသူတို့အတွက် အဆင်ပြေစေရေး၊ မအားလပ်ပါကလည်း  မိမိတို့အိမ်ရှေ့အရောက် အချိန်မကုန် မပင်ပန်းစေပဲ အဆင်ပြေပြေ ငှားရမ်းနိုင်ရေးနှင့် နွေရာသီကျောင်းပိတ်ရက်များတွင် ကလေးငယ်များ အချိန်ကို အကျိုးရှိစွာ စာပေလေ့လာနိုင်ရေးတို့အတွက် ငှားရမ်းပေးရခြင်းဖြစ်ကြောင်း၊ မြောင်းမြခရိုင် ပြည်သူ့စာကြည့်တိုက်တွင်လည်း စာအုပ်စာစောင်များကို မည်သူမဆို အခမဲ့ငှားရမ်းနိုင်ကြောင်း သိရသည်။ 

ထိုသို့စာအုပ်များ ငှာရမ်းပေးရာတွင် ဝတ္ထု၊ မဂ္ဂဇင်း၊ ရုပ်ပြနှင့် အသိပညာဗဟုသုတများစွာ ရရှိမည့် သုတ/ရသစာအုပ် စာစောင်များ စုံလင်စွာငှားရမ်းပေးခဲ့ပြီး ငှားရမ်းပေးခဲ့သော စာအုပ် များကို ရက်သတ္တနှစ်ပတ်လျှင် တစ်ကြိမ်လဲလှယ် စနစ်ဖြင့် ငှားရမ်းပေးသွားမည်ဖြစ်ကြောင်း သိရသည်။

သတင်း - ခင်ရူပါအေး

မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)