ရသေ့တောင်မြို့နယ်တွင် ဧပြီလအတွင်း ရာနှုန်းပြည့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံပြီးစီးရေးအတွက် စည်းအဝေးကျင်းပပြုလုပ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ရသေ့တောင်မြို့နယ်တွင် ဧပြီလအတွင်း ရာနှုန်းပြည့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံပြီးစီးရေးအတွက် စည်းအဝေးကျင်းပပြုလုပ်








MNP ၊ ဧပြီ ၃

ရခိုင်ပြည်နယ်၊ စစ်တွေခရိုင်၊ ရသေ့တောင်မြို့၌ ကိုဗစ်-၁၉ရောဂါကာကွယ်ဆေးအား ဧပြီလအတွင်းရာနှုန်းပြည့်ထိုး နှံနိုင်ရေးအစည်းအဝေးအား မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ယနေ့ မွန်းလွှဲ ၁ နာရီက ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

အစည်းအဝေးတွင်မြို့နယ် ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ ဥက္ကဋ္ဌ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဦးနိုင်လင်းထက် က အသက်(၁၈)နှစ်နှင့်အထက်ကာကွယ် ဆေးထိုးရန် အကျုံးဝင်သူအားလုံးကို ၂၀၂၂-ခုနှစ်၊ ဧပြီလ(၃၀)ရက်နေ့ နောက် ဆုံးထားပြီးရာနှုန်းပြည့် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ဆေး ထိုးနှံပြီးစီးရေး ဆောင်ရွက်သွားနိုင်ရန် အတွက်   Mobile Team စနစ်ဖြင့် မြို့ပေါ်ရပ်ကွက် (၄)နေရာဖြစ်သည့် စီမံကိန်းရုံးရှေ့၊ မြို့မရဲစခန်းရှေ့ ၊ သင်္ဘောဆိပ်၊ ရေချမ်းပြင်ဆိပ် များသို့ ကွင်းဆင်းကာ ကိုဗစ်-၁၉ရောဂါကာကွယ်ဆေး လုံးဝ မထိုးနှံသေးသူ မှန်သမျှတို့အားလိုက်လံ ထိုးနှံ ဆောင်ရွက်ပေးသွားမည်ဖြစ် ကြောင်းသိရသည်။

ဆက်လက်၍ နိုင်ငံသားစီစစ်ရေးဆိုင်ရာကိစ္စရပ်များ၊ သောက်သုံးရေ လုံ လောက်စွာရရှိရေးနှင့် သင်္ကြန်ပွဲတော် ကျင်းပနိုင်ရေးဆိုင်ရာကိစ္စရပ်များအား သက်ဆိုင်ရာဌာနများနှင့်ဆွေးနွေးပြော ကြားခဲ့ကြောင်းသိရသည်။


သတင်း - ထွန်းလင်းကျော်

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)