MNP ၊ ဧပြီ ၃
ရခိုင်ပြည်နယ် ကျောက်ဖြူခရိုင် အမ်းမြို့နယ် ပြန်ကြား ရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနနှင့် မြို့နယ်မီးသတ်ဦးစီးဌာန တို့ပူးပေါင်း၍ ကိုဗစ်-၁၉ မျိုးကွဲသစ်အိုမီခရွန်ရောဂါကာကွယ်ရေး နှင့် မီး ဘေးအန္တ ရာယ်ကြိုတင်ကာကွယ်ရေးအသိပညာပေးခြင်းကို ယနေ့ နေ့လည်အချိန်တွင် မြို့ပေါ်ရပ်ကွက်များအတွင်းလှည့်လည်အသိပေးနှိုးဆော်ဆောင်ရွက်ခဲ့ကြောင်း ကြသိရသည်။
ထိုသို့အသိပညာပေးဆောင်ရွက်ရာတွင် ကိုဗစ်-၁၉ ရောဂါကူးစက်ပြန့်ပွားမှုနှုန်း လျော့နည်းကျဆင်းမှု ရှိပြီး ကိုဗစ်-၁၉ မျိုးရိုးဗီဇပြောင်းမျိုးကွဲသစ်အိုမီခရွန်ရောဂါပိုးသည် မိမိတို့နိုင်ငံတွင်စတင်တွေ့ရှိလာသည့်အတွက်ပြည် သူများအနေဖြင့် တတ်နိုင်သမျှ အိမ်မှာနေကြရန်၊ အပြင်ထွက်တိုင်း ပါးစပ်နှင့်နှာခေါင်းစည်း(Mask) ကို စနစ္တက် တပ်ဆင်၍ သွားလာကြရန်၊ လက်ကိုမကြာခဏ ဆပ်ပြာနှင့် စက္ကန့် (၂၀)ကြာ ဆေးကြောကြရန်၊ လူထူထပ်သောနေရာများသို့ သွားရောက်ခြင်းမှ ရှောင်ကြဉ်ကြရန်၊ ကာကွယ်ဆေးများ တစ် နိုင်ငံလုံးအတိုင်းအတာဖြင့် လွှမ်းခြုံမှုရှိစေရန်ထိုးနှံပေးလျက်ရှိရာမပျက်မ ကွက် အကြိမ်အရေအတွက်ပြည့်ဝစွာ ထိုးနှံကြပါရန် အချက်များအား အသိပေးနှိုးဆော်ခဲ့သည်။
ဆက်လက်ပြီး ပွင်းလင်းရာသီသို့ရောက်ရှိလာပြီဖြစ်၍ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်နိုင်ရေးအတွက် မီးသတ် ဦးစီးဌာနမှ ချမှတ်ထားသောစည်း ကမ်းချက်များကိုလိုက်နာဆောင်ရွက်ကြရန် ရှေး ဦးမီးငြိမ်းသတ်ရေး ပစ္စည်းများဖြစ်သည့် မီးချိတ် ၊ မီး ကပ် ၊ သဲအိတ် ၊ ရေအိတ် ၊ မီး သတ်ဆေးဘူးများအား အသင့်တပ်ဆင်ထားရှိ ကြရန်နှင့် မီးလောင်မှုများဖြစ်ပွားလာပါ မီးသတ်ဦးစီးဌာနသို့ အမြန်ဆုံးဆက်သွယ်အကြောင်းကြားကြ ရန်လိုအပ်ကြောင်း စည်းကမ်းချက်များကို မြို့ပေါ်ရပ်ကွက်များ၌လှည့် လည်အသိပေးနှိုးဆော်ဆောင် ရွက်ခဲ့ကြကြောင်းသ တင်းရရှိသည်။
သတင်း - စိုးမင်းထွန်း
https://t.me/MyanmarNationalPost

No comments:
Post a Comment