မြဝတီ-ကော့ကရိတ် အာရှလမ်းမကြီးတွင် ခရီးသည်ယာဉ်များ၊ အိမ်စီးမော်တော်ယာဉ်များနှင့် ကုန်တင်ယာဉ်များ ယခင်ကအတိုင်း ပုံမှန်သွားလာလျက်ရှိပြီး ကုန်စည်စီးဆင်းမှုများဆောင်ရွက်လျက်ရှိ - Myanmar National Post

Myanmar National Post

News Agency

Breaking

မြဝတီ-ကော့ကရိတ် အာရှလမ်းမကြီးတွင် ခရီးသည်ယာဉ်များ၊ အိမ်စီးမော်တော်ယာဉ်များနှင့် ကုန်တင်ယာဉ်များ ယခင်ကအတိုင်း ပုံမှန်သွားလာလျက်ရှိပြီး ကုန်စည်စီးဆင်းမှုများဆောင်ရွက်လျက်ရှိ

 


MNP -  ဧပြီ   ၃

မြဝတီနယ်စပ်ကုန်သွယ်ရေး၏ အဓိကလမ်းမကြီးဖြစ်သည့် မြဝတီ-ကော့ကရိတ် အာရှလမ်းမကြီးတွင် ခရီးသည် ယာဉ်များ၊ အိမ်စီးမော်တော်ယာဉ်များနှင့် ကုန်တင်ယာဉ်များ ပုံမှန်အတိုင်း သွားလာလျက်ရှိပြီး ကုန်စည်စီး ဆင်းမှု အနေဖြင့်လည်း ပုံမှန်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

“ကားတွေကတော့ ပုံမှန်အတိုင်း သွားလာနေတာပါ။ယခင်ရက်ပိုင်းကတော့ တံတားပြုပြင်ခြင်းများ ဆောင်ရွက်နေတဲ့အတွက် နာရီပိုင်းပိတ်ပြီး ပြန်ဖွင့်ပါတယ်။ တချို့သတင်းတွေတက်နေသလို အခုထိ ပိတ်ထားတုန်း၊ ကုန်စည်စီးဆင်းမှုတွေ ရပ်နားထားရလို့ ကုန်ဈေးနှုန်းတွေလည်း တက်နေပြီဆိုတာ မဟုတ်ပါဘူး၊ ဟိုရက်ပိုင်း တုန်းကတော့ ကားတွေ ပစ်တာ၊မီးရှို့တာတွေလုပ်တော့  ကုန်တင်ယာဉ်တွေက စိုးရိမ်မှုတော့ရှိတာပေါ့။ ဒါပေမယ့် ပုံမှန်အတိုင်းပဲ သွားလာနေပါတယ်” ဟု ကုန်တင်ယာဉ်မောင်းသူ ကားဆရာ တစ်ဦးကပြောသည်။

အဆိုပါ မြဝတီ-ကော့ကရိတ်အာရှလမ်းမကြီးတွင် KKO ခွဲထွက်အဖွဲ့နှင့် PDF အမည်ခံ အကြမ်းဖက် သမား များက  ဧပြီ ၁ရက်နေ့မတိုင်မီ ရက်ပိုင်းအတွင်းက အာရှလမ်းမကြီးပေါ်တွင် သွားလာလျက် ရှိသည့် ကုန်တင်မော် တော်ယာဉ် များ၊ ခရီးသည်ယာဉ်များ နှင့် အိမ်စီးမော်တော်ယာဉ်များအား အကြောင်းမဲ့ သေနတ်ဖြင့် ပစ်ခတ်ခြင်း၊ မီးရှို့ဖျက်စီးခြင်းများ ပြုလုပ်ခဲ့သည့် အတွက် စိုးရိမ်လျက်ရှိကြ သော်လည်း  ခရီးသည် ယာဉ်များ၊ အိမ်စီး မော်တော်ယာဉ်များနှင့် ကုန်တင်ယာဉ်များ သတိဝီရိယဖြင့်ပုံမှန်အတိုင်း သွားလာလျက်ရှိကြောင်း သိရသည်။

မြဝတီ-ကော့ကရိတ်အာရှလမ်းမကြီးတွင် ခရီးသည် ယာဉ်များ၊အိမ်စီးမော်တော်ယာဉ်များနှင့် ကုန်တင် ယာဉ်များ ယခင်ကအတိုင်း ပုံမှန် သွားလာလျက်ရှိသည့်အတွက် မြဝတီနယ်စပ်ကုန်သွယ်ရေး၏ ကုန်စည်စီဆင်းမှု အခြေအနေမှာလည်း ပုံမှန်အတိုင်း ကုန်စည်စီးဆင်းလျက်ရှိကြောင်းမြဝတီဒေသတွင်းကုန်ဈေးနှုန်းမှာလည်း ပုံမှန် အတိုင်း ရှိနေ ကြောင်း ဒေသခံများ၏ ပြောကြားချက်အရသိရသည်။

 သတင်း - ထိန်လင်းအောင်

မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)