ကရင်ပြည်နယ်ဝန်ကြီးချုပ် ဦးစောမြင့်ဦး ကော့ကျိုက်-ကော့ပရံ-ဇာသပြင် (အဖြောင့်လမ်း) လုပ်ငန်းများအား ကြည့်ရှုစစ်ဆေး - Myanmar National Post

Myanmar National Post

News Agency

Breaking

ကရင်ပြည်နယ်ဝန်ကြီးချုပ် ဦးစောမြင့်ဦး ကော့ကျိုက်-ကော့ပရံ-ဇာသပြင် (အဖြောင့်လမ်း) လုပ်ငန်းများအား ကြည့်ရှုစစ်ဆေး



MNP - ဧပြီ   ၂၇

ကရင်ပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဦးစောမြင့်ဦး၊ ပြည်နယ်လမ်းပန်းဆက်သွယ်ရေး ဝန်ကြီး ရဲမှူးကြီးခင်ဇော်နှင့် ဌာနဆိုင်ရာတာဝန်ရှိသူများသည် ယမန်နေ့မွန်းလွဲ ၂ နာရီခန့်က ကော့ကျိုက်-ကော့ပရံ-ဇာသပြင် (အဖြောင့်လမ်း) ရှိ နှစ်စဉ်မိုးတွင်းကာလ ရေကျော်သည့်နေရာ (၄) နေရာအား Overlay Level Seal လုပ်ငန်းဆောင်ရွက်မှု အခြေအနေများအား သွားရောက် ကြည့်ရှု စစ်ဆေးခဲ့ကြသည်။

ထို့သို့ ကြည့်ရှုစစ်ဆေးရာတွင် ကရင်ပြည်နယ်လမ်းဦးစီးဌာန ညွှန်ကြားရေးမှူးဦးအောင်ညို၊ B.O.T စနစ်ဖြင့် ဆောင်ရွက်လျက်ရှိသော အေးကိုမိသာစုဆောက်လုပ်ရေးကုမ္ပဏီမှ တာဝန်ရှိသူများက မြေတင်ခြင်းလုပ်ငန်း၊ ကျောက်ခင်းခြင်းလုပ်ငန်း၊ ကွန်ကရစ်ခင်းခြင်းလုပ်ငန်းတို့နှင့် စပ်လျဉ်း၍ ရှင်းလင်းတင်ပြကြရာ ပြည်နယ်ဝန်ကြီးချုပ်က ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ပြီး လိုအပ်သည်များ လမ်းညွှန်မှာကြားသည်။

ကော့ကျိုက်-ကော့ပရံ-ဇာသပြင် (အဖြောင့်လမ်း) ရှိ ရေကျော်သော နေရာ (၄) နေရာအား ယခင်မူလကတ္တရာလမ်း ၂၂ ပေအကျယ်မှ ကျောက်အခြေခံလွှာ ၈ လက်မ၊ ကွန်ကရစ်ထု ၉ လက်မရှိ ၂၄ ပေအကျယ် ကွန်ကရစ်လမ်း အဖြစ် အဆင့်မြင့်တင်ဆောင်ရွက်လျက်ရှိပြီး ဆောင်ရွက်ရမည့် လမ်းအရှည် ၃ မိုင်အနက် ၁ မိုင် ၅ ဖာလုံကို ဆောင်ရွက်ပြီးဖြစ်ကာ ကျန်ရှိသည့်လမ်းပိုင်းအား ဆက်လက် ဆောင်ရွက်လျက်ရှိသည်။

ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် အေးကိုမိသားစု ဆောက်လုပ်ရေးကုမ္ပဏီ၏ လမ်းလုပ်ငန်း ဆောင်ရွက်နေမှုများအား လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ကြပြီး သတ်မှတ်စံချိန် စံနှုန်း များနှင့်အညီ အချိန်မီပြီးစီးနိုင်ရေး ကြိုးပမ်းဆောင်ရွက်ကြရန်၊ လမ်းပခုံးများအား စနစ်တကျဖြင့် ထည့်သွင်းဆောင်ရွက်ရန်၊ လမ်းဘေးဝဲယာတစ်လျှောက် အပင်များအောက်ခြေရှိ ခြုံနွယ်ပိတ်ပေါင်းများအား ရှင်းလင်းဆောင်ရွက်ရန် လမ်းညွှန်မှာကြားခဲ့ကြောင်း သတင်းရရှိသည်။

သတင်း - စောမျိုးမင်းသိန်း 

မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)