MNP - ဧပြီ ၂၉
ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နမ္မတူမြို့နယ် ပြည်သူ့ဆေးရုံးသို့ မီးစက်တစ်လုံးနှင့် ကျန်းမာရေးသုံးပစ္စည်းများ ပေးအပ်လှူဒါန်းခြင်းကို ယမန်နေ့ မွန်းလွဲ (၁)နာရီအချိန်က နမ္မတူမြို့နယ် ပြည်သူ့ဆေးရုံ၌ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ထိုသို့ပေးအပ်လှူဒါန်းရာတွင် ကွယ်လွန်သူ ဦးစိန်ဝင်း မူဆယ်မြို့ (နမ္မတူမိတ္တူနှင့် နိုးစားနွား မွေးမြူရေးခြံ)အား ရည်စူး၍ ကျန်ရစ်သူမိသားစုများမှ နမ္မတူမြို့နယ် ပြည်သူ့ဆေးရုံတွင် ထားရှိအသုံးပြုနိုင်ရန်အတွက် RM 10000E (9.3 KVA) မီးစက် (၁)လုံး၊ Oxygen Concentrator (၂)လုံး၊ Oxygen Cylinder (၅)လုံး၊ Flow Meter (၅)ခု၊ Oximeter (၁၀)ခု၊ နှစ်ခွပိုက် (၁၀)ခု၊ နှာခေါင်းအုပ်ပါ Oxygen ပိုက် (၅၀)ခုနှင့် နှာခေါင်းအုပ်မပါ Oxygen ပိုက် (၅၀)ခုတို့အား နမ္မတူမြို့နယ် ပြည်သူ့ဆေးရုံအုပ် ဒေါက်တာအောင်လွင်နှင့် တာဝန်ရှိသူများလက်ဝယ်သို့ ပေးအပ်လှူဒါန်းခဲ့ရာ ပြည်သူ့ဆေးရုံအုပ်မှ ဂုဏ်ပြုမှတ်တမ်းလွှာ ပြန်လည်ပေးအပ်ခဲ့ကြောင်း သိရသည်။
သတင်း - လူမော်
မြန်မာနေရှင်နယ်ပို့စ်
No comments:
Post a Comment