အကောက်တောင်ဘုရားသို့ ဘုရားဖူးလာသည့် ယာဉ်တစ်စီး ချောက်အတွင်းထိုးကျမှုဖြစ်ပွား ၄ ဦးသေဆုံး ၄ ဦး ဒဏ်ရာရ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

အကောက်တောင်ဘုရားသို့ ဘုရားဖူးလာသည့် ယာဉ်တစ်စီး ချောက်အတွင်းထိုးကျမှုဖြစ်ပွား ၄ ဦးသေဆုံး ၄ ဦး ဒဏ်ရာရ








MNP ၊ ဧပြီ ၂၉

ပဲခူးတိုင်းဒေသကြီး၊ ပြည်မြို့နယ်၊ အကောက်တောင်ဘုရားသို့ ဘုရားဖူးလာသည့် မော်တော်ယာဉ်တစ်စီး ချောက်အတွင်းသို့ ထိုးကျ၍ ၄ ဦးသေဆုံးကာ ၄ ဦး ဒဏ်ရာရရှိခဲ့ကြေင်း သိရသည်။

ယနေ့ ဧပြီလ ၂၉ ရက်နေ့ နံနက် ၇ နာရီအချိန်ခန့်က ဖြစ်ခဲ့ပြီး  ချောက်အတွင်းသို့ ထိုးကျခဲ့သည့် မော်တော်ယာဉ်သည် ဧရာဝတီတိုင်းဒေသကြီး ကြံခင်းမြို့မှ ပြည်မြို့ အကောက်တောင်ဘုရားသို့ လာရောက်ခဲ့ခြင်းဖြစ်ပြီး  တောင်တက်လမ်းတစ်ဝက်တွင် ချောက်အတွင်းသို ထိုးကျခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ 

အခင်းဖြစ်နေရာတွင် ၃ယောက် သေဆုံးခဲ့ပြီး တစ်ဦးမှာ ဆေးရုံသို့ ပို့ဆောင်နေစဉ် သေဆုံးသွားခဲ့ခြင်းဖြစ်ကြောင်း၊ လက်ရှိတွင် ဒဏ်ရာရရှိသူများကို ဆိပ်သာတိုက်နယ်ဆေးရုံနှင့် ဟင်္သာတဆေးရုံကြီးသို့ အမျိုးသားလူနာ နှစ်ဦး ၊ အမျိုးသမီး လူနာ နှစ်ဦး ( ကလေးတစ်ဦး ) တို့အား ပိုဆောင်ကာ ဆေးကုသမှုဆောင်ရွက်ပေးထားကြောင်း သိရသည်။ 


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)