မြောက်ဦးမြို့နယ်အတွင်းရှိ မိုးသက်လေပြင်း တိုက်ခတ်မှုကြောင့် ပျက်စီးသွားသော နေအိမ်များအား ထောက်ပံ့ငွေနှင့်ပစ္စည်းများပေးအပ် - Myanmar National Post

Myanmar National Post

News Agency

Breaking

မြောက်ဦးမြို့နယ်အတွင်းရှိ မိုးသက်လေပြင်း တိုက်ခတ်မှုကြောင့် ပျက်စီးသွားသော နေအိမ်များအား ထောက်ပံ့ငွေနှင့်ပစ္စည်းများပေးအပ်



MNP - ဧပြီ   ၂၉

ရခိုင်ပြည်နယ်၊ မြောက်ဦးခရိုင်၊ မြောက်ဦးမြို့နယ်အတွင်း ၂၀.၄.၂၀၂၂ ရက်နေ့က မိုးသက်လေ ပြင်းတိုက်ခတ်မှုကြောင့်  ပျက်စီးသွားသည့် အိမ်ထောင်စုများကို ထောက်ပံ့ငွေနှင့် ပစ္စည်းများ အား ပေးအပ်ခြင်းကို ထမ္မရာမ်ရပ်ကွက်ရှိ မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေး ခန်းမ၌ ယမန်နေ့က ပေးအပ်ခဲ့ကြောင်း သိရသည်။

အဆိုပါ ထောက်ပံ့ပစ္စည်းများ ပေးအပ်ပွဲအခမ်းအနားတွင်  မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစိုးစိုးသက်မှ အဖွင့်အမှာစကား ပြောကြားပြီးနောက် ပျက်စီးသွားသော ကျွေးရွာအုပ်စု (၅၅)စုမှ အိမ်ထောင်စု(၁၆၄)စုတို့ကို ခရိုင်ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနမှ ကြီးကြပ်စီစဉ်မှုဖြင့် နေအိမ်များ ပျက်စီးသွားသော ကျေးလက်နေပြည်သူများအတွက် အိမ်ထောင်စုတစ်စုလျှင် ကယ်ဆယ်ရေးပစ္စည်း (၁၇)မျိုးပါ Family Kit ဗူးကြီးတစ်ဗူး၊ အဝတ်အထည်များ၊ စားသောက်ကုန် ပစ္စည်းများ၊ အိမ်အသုံးအဆောင်ပစ္စည်းများတို့ကို ပေးအပ်ပြီး အိမ်ထောင်စု (၁၆၄)စုတို့အတွက် ထောက်ပံ့ငွေ ကျပ်စုစုပေါင်း (၈၀၄၁၉၀၄)သိန်း အား မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌ ဦးစိုးစိုးသက်၊ ခရိုင်ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဦးစီးဌာန ဦးစီးမှူးဦးစန်နီနှင့် တာဝန်ရှိသူများက ထောက်ပံ့ငွေနှင့် ထောက်ပံ့ပစ္စည်းများအား ထောက်ပံ့ပေးအပ်ရာ ရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့် ပျက်စီးသွားသော အိမ်ပိုင်ရှင်များမှ လက်ခံရယူကြသည်။

အဆိုပါ ထောက်ပံ့ငွေနှင့်ပစ္စည်းများ ပေးအပ်ပွဲသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစိုးစိုးသက်၊ မြောက်ဦး ခရိုင်ဘေးအန္တရာယ် စီမံခန့်ခွဲမှု ဦးစီးဌာနမှ ခရိုင်ဦးစီးမှူး ဦးစန်နီ၊ ရပ်ကွက် အုပ်ချုပ်ရေးမှူးများ၊ ပျက်စီးသွားသော ကျေးရွာများမှ မိသားစုဝင်များ တက်ရောက် ခဲ့ကြောင်း သိရသည်။

သတင်း - မြင့်စိုး

မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)