ရွှေတောင်မြို့နယ်၊ ရဟန္တာ(၈၀)တွင် စေတီတော်မြတ်နှစ်ဆူအား ရွှေထီးတော်တင်မင်္ဂလာ ကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ရွှေတောင်မြို့နယ်၊ ရဟန္တာ(၈၀)တွင် စေတီတော်မြတ်နှစ်ဆူအား ရွှေထီးတော်တင်မင်္ဂလာ ကျင်းပ




MNP - ဧပြီ    ၂၉

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ရွှေတောင်မြို့နယ် ရဟန္တာ(၈၀)ရှေ့ဟောင်းမဟာသိမ်တော်ကြီးနှင့် တည်ထားကိုးကွယ်လျက်ရှိသည့် ဗုဒ္ဓဓာတ်ကမ္ဘာလွှမ်းခြုံဘုရားကြီးဝန်းအတွင်းရှိ တိလောကဥသျှောင်အောင်တော်မူစေတီတော်မြတ်ကြီးနှင့် မင်းမြတ်သစ္စာပြည်ချမ်းသာကမ္ဘာရန်ပြေငြိမ်းစေတီတော်မြတ်ကြီးနှစ်ဆူအား ယနေ့နံနက် ၈:၃၀ နာရီက ရွှေထီးတော်တင်အလှူတော်မင်္ဂလာ ကျင်းပခဲ့သည်။

ကြွရောက်လာသောပင့်သံဃာတော်အရှင်သူမြတ်များနှင့် ဧည့်ပရိတ်သတ်အပေါင်းက နမောဒဿ(၃)ကြိမ်ရွက်ဆို၍ အခမ်းအနားကို ဖွင့်လှစ်ပေးခဲ့ကြပြီး ရဟန္တာ(၈၀)မှဲ့ရှင်ဆရာတော်ဘုရားကြီးထံမှ အလှူရှင်မိသားစုများနှင့် ဧည့်ပရိတ်သတ်အပေါင်းတို့က သီလစောင့်တည်ခဲ့ကြသည်။

ရဟန္တာ(၈၀)မှဲ့ရှင်ဆရာတော်ဘုရားကြီးထံသို့ အလှူရှင်များဖြစ်ကြသော ပြည်မြို့နေ ဦးအောင်ဌေး၊ ဒေါ်ကြည်ကြည်မြင့်မိသားစုမှ လှူဒါန်းသော တိလောကဥသျှောင်အောင်တော်မူစေတီတော်မြတ်ကြီးရွှေထီးတော်နှင့် ရန်ကုန်မြို့နေ ဦးတင်စိုး၊ ဒေါ်တင်မိုးနိုင်မိသားစုမှ လှူဒါန်းသော မင်းမြတ်သစ္စာပြည်ချမ်းသာ ကမ္ဘာရန်ပြေငြိမ်း စေတီတော်မြတ်ကြီးရွှေထီးတော်တို့အား ဆက်ကပ်လှူဒါန်းခဲ့ကြပြီး ဒေသကွပ်ကဲမှု စစ်ဌာနချုပ်(ပြည်) ဒေသကွပ်ကဲရေးမှူး ဗိုလ်မှူးချုပ်အောင်နိုင်ဦးနှင့်ဇနီး၊ အမှတ်(၆၆)ခြေမြန်တပ်မဌာနချုပ်မှတပ်မမှူး ဗိုလ်မှူးကြီးကျော်လင်းအောင်နှင့်ဇနီးတို့က ငှက်မြတ်နားတော်တို့အား ဆက်ကပ်လှူဒါန်း၍ ရေစက်သွန်းချအမျှပေးဝေခဲ့ကြသည်။

ဆက်လက်၍ တိလောကဥသျှောင်အောင်တော်မူစေတီတော်မြတ်ကြီးနှင့် မင်းမြတ်သစ္စာပြည်ချမ်းသာ ကမ္ဘာရန်ပြေငြိမ်းစေတီတော်မြတ်ကြီးနှစ်ဆူအား ရွှေထီးတော်အလှူရှင်များနှင့်အတူ ကြွရောက်လာသော ဌာနဆိုင်ရာအကြီးအကဲများက ရွှေထီးတော်အား ပန်းရထားဖြင့်တင်လှူခဲ့ပြီး ရွှေမိုးငွေမိုးများသွန်းဖြိုးခဲ့ကြောင်းသိရသည်။

သတင်း - ကိုကိုမင်း

မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)