ပြည်သူ့စာကြည့်တိုက်တွင် Online မှတစ်ဆင့် အသိပညာပေးလုပ်ငန်းများ ဆောင်ရွက်ပေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ပြည်သူ့စာကြည့်တိုက်တွင် Online မှတစ်ဆင့် အသိပညာပေးလုပ်ငန်းများ ဆောင်ရွက်ပေး



MNP -  ဧပြီ  ၂၉

ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မဟာအောင်မြေမြို့နယ်ရုံး စာကြည့်တိုက်မှူး ဒေါ်သရဖီဖြိုးသည် ယမန်နေ့နံနက်ပိုင်းက ဂျပန်နိုင်ငံ၊ ရှန်တီစေတနာ့ဝန်ထမ်းအဖွဲ့နှင့် ကလေးစာအုပ်ထုတ်ဝေရေး ကော်မတီတို့ပူးပေါင်းထုတ်ဝေသည့် “မွှေးကြိုင်သောလေလည်နံ့” ခေါင်းစဉ်ဖြင့် ‌ ပုံပြောအစီအစဉ်ကို ရိုက်ကူး၍   Online မှတစ်ဆင့် ထုတ်လွှင့်ပြသပေးခဲ့ကြောင်း သိရသည်။

အကြောင်းအမျိုးမျိုးကြောင့် ပြည်သူ့စာကြည့်တိုက်သို့ မလာရောက်နိုင်သည့် ရပ်ကွက်နေပြည်သူများ၊ စာဖတ်ပရိသတ်များနှင့် ကျောင်းသား၊ ကျောင်းသူ၊ လူငယ်လူရွယ်များအတွက် အသိပညာ ဗဟုသုတ များရရှိစေရန်၊ စိတ်အပန်းပြေပျော်ရွှင်စေရန် ရည်ရွယ်၍  သုတ၊ ရသ စာအုပ်စာ‌စောင် မိတ်ဆက်ခြင်း အစီ အစဉ်၊ ဆေးရောင်ခြယ်အစီအစဉ်၊ ပုံပြင်ပြောခြင်း၊ ကဗျာရွတ်ဆိုခြင်း အစီအစဉ်များနှင့် ရောင်စုံစက္ကူ လေးများဖြင့် အရုပ်ခေါက်/ ပန်းအလှခေါက်ခြင်း အစီအစဉ်များကို ရိုက်ကူး၍ မဟာအောင်မြေမြို့နယ်ရုံး ပြည်သူ့စာကြည့်တိုက် Facebook Page မှတစ်ဆင့် ပုံမှန်ထုတ်လွှင့် တင်ဆက်ပေးလျက်ရှိကြောင်း သိရ သည်။

သတင်း - အောင်ဇော်မင်း

မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)