MNP - ဧပြီ ၂၉
ရန်ကုန်တောင်ပိုင်းခရိုင်၊ ဆိပ်ကြီးခနောင်တိုမြို့နယ်အတွင်း သဘာဝဘေး အန္တရာယ်များ ပေါ်ပေါက်လာပါက အချိန်နှင့်တစ်ပြေးညီ ရှာဖွေကူညီ ကယ် ဆယ်နိုင်ရေးအတွက် သဘာဝဘေး ကူညီကယ်ဆယ်ရေးတပ်စုကို မြို့နယ် မီးသတ်ဦးစီးဌာနတွင် အသင့်စုဖွဲ့ထားရှိလျက်ရှိကြောင်း သိရသည်။
အဆိုပါ ရှာဖွေ ကူညီကယ်ဆယ်ရေး တပ်စုတွင် မြို့နယ် မီးသတ်ဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဦးထွန်းထွန်းအောင် ဦးဆောင်၍ သန္ဓေနှင့် အရန်မီးသတ် တပ်ဖွဲ့ဝင်များပါဝင်သည့် အင်အား ၃၅ ဦးဖြင့်ဖွဲ့စည်းထားပြီး မုန်တိုင်းဘေး၊ ရေကြီးမှုဘေး၊ မြေပြိုဘေးနှင့် အခြားသော သဘာဝဘေး အန္တရာယ်များ ပေါ်ပေါက်လာပါက ရှာဖွေကူညီကယ်ဆယ်ရေးအား အချိန်နှင့် တစ်ပြေးညီ အမြန်ဆောင်ရွက်နိုင်ရန် တပ်ဖွဲ့ဝင်များမှ ဇာတ်တိုက် လေ့ကျင့်ခြင်း၊ စက်ယာဉ် ယန္တရားများ အသင့်ပြင်ဆင်ထားရှိခြင်းနှင့် မြို့နယ်နေပြည်သူများအား မုန်တိုင်းသတင်းနှင့် အခြားသော သဘာဝဘေး အန္တရာယ် သတင်းများအား ကျယ်ကျယ်ပြန့်ပြန့် သိရှိ၍ ကြိုတင် ပြင်ဆင်နိုင်ရေး အသံချဲ့စက်ဖြင့် လိုက်လံအသိပေး ကြေညာပေးလျက်ရှိကြောင်း သိရသည်။
သတင်း - ဝေယံ
မြန်မာနေရှင်နယ်ပို့စ်
No comments:
Post a Comment