MNP ၊ ဧပြီ ၄
မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်ခရိုင်၊ စဉ့်ကူး မြို့နယ်အတွင်းရှိ စာစစ်ဌာန ၅ ခု၌ တက္ကသိုလ်ဝင်တန်းစာမေးပွဲ (ဓာတုဗေဒဘာသာရပ်)အား ကျောင်းသား ကျောင်းသူ စုစုပေါင်း (၃၆၃) ဦးက ဝင်ရောက်ဖြေဆိုလျက် ရှိကြောင်း သိရသည်။
စဉ့်ကူးမြို့နယ်တွင် အထက-စဉ့်ကူး၊ အထက- လက်ပန်လှ၊ အထက-ထုံးကြီး၊အထက-ရွှေပြည်၊ အထက -ကျည်တောက်ပေါက် စသည့် စာစစ်ဌာန ငါးခု ဖွင့်လှစ်ထားရာ အဆိုပါ စာစစ်ဌာနများတွင် စာမေးပွဲဖြေဆိုရန် စာရင်းပေးသွင်းထားသူ (၄၀၄) ဦး၊ ဝင်ရောက်ဖြေဆိုသူ (၃၆၃)ဦး၊ ဖြေဆိုသူ (၈၉.၈၅) ရာခိုင်နှုန်း ရှိကြောင်း သိရသည်။
အဆိုပါ စာစစ်ဌာနများတွင် တက္ကသိုလ်ဝင် စာမေးပွဲဖြေဆိုသူများ စိတ်အေးချမ်းစွာဖြေဆိုနိုင်ရေးအတွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့မှ တာဝန်ရှိသူများ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ လူမှုရေးအသင်းအဖွဲ့များ၊ ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူးများက ပညာရေးဌာနမှ တာဝန်ရှိသူများနှင့် ပူးပေါင်းကာ လိုအပ်သည်များကို ကူညီဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
သတင်း - တင်ဇာလွင်
https://t.me/MyanmarNationalPost



No comments:
Post a Comment