စဉ့်ကိုင်မြို့နယ်တွင် ပျားမွေးမြူရေး တိုးချဲ့ပညာပေးသင်တန်းဖွင့်လှစ် - Myanmar National Post

Myanmar National Post

News Agency

Breaking

စဉ့်ကိုင်မြို့နယ်တွင် ပျားမွေးမြူရေး တိုးချဲ့ပညာပေးသင်တန်းဖွင့်လှစ်

 


MNP -  ဧပြီ   ၄

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ စဉ့်ကိုင်မြို့နယ်တွင် ပျားမွေးမြူရေးတိုးချဲ့သင်တန်းကို ယနေ့နံနက်ပိုင်းက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန Community Centre ခန်းမတွင် ဖွင့်လှစ်ခဲ့ကြောင်းသိရသည်။

ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်ဝင်းဝင်းသန်းက အဖွင့်အမှာ စကားပြောကြားခဲ့ပြီး ပျားမွေးမြူမှုဖွံ့ဖြိုးရေးဌာနခွဲမှ ဦးစီးအရာရှိဦးသိန်းကိုက သင်တန်းဖွင့်လှစ်ရခြင်း၏ ရည်ရွယ်ချက်များနှင့် ပျားမွေးမြူမှုဖွံ့ဖြိုးရေးဌာနခွဲ၏ ရည်ရွယ် ချက်(၆)ချက်ထဲမှ ခေတ်မှီပျားမွေးမြူ ရေးအတတ်ပညာကို တောင်သူများအတွင်းပြန့်ပွားစေရန်၊ သိပ္ပံနည်းကျ တည်ဆောက်ထားသော ပျားအုံများကို တောင်သူလယ်သမားများထံ ဖြန့်ဖြူးပေးရန်နှင့် သန့်စင်သော ပျားရည်များထုတ်ယူနည်း စနစ်များအတွက် ပညာပေးရန်၊ ပျားမွေးမြူမှုသည် ပျားနှင့်ဝတ်မှုံကူးခြင်းဖြင့်သီးနှံ အထွက်တိုးစေပြီး စိုက်ပျိုးရေးကို အထောက်အကူပြုသည့် လုပ်ငန်းဖြစ်ကြောင်း တောင်သူလယ်သမားများ သဘော ပေါက်နားလည်အောင် လက်တွေ့ပြသဆောင်ရွက်ရန်နှင့် (၅-၄-၂၀၂၂)ရက်နေ့တွင် ပျားများဖြင့် ဝတ်မှုံ ကူးပုံသရုပ်ပြခြင်းများကိုလည်း စနစ်တကျ လက်တွေ့ပို့ချသွားမည်ဖြစ်ကြောင်း ရှင်းလင်းပြောကြားခဲ့ပြီး အဆိုပါသင်တန်းကို ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် ကိုဗစ်-၁၉ ရောဂါကာကွယ် ရေးနည်းလမ်းများနှင့်အညီ ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း သင်တန်းတွင် သင်တန်းနည်းပြများအဖြစ် ပျား မွေးမြူမှု ဖွံ့ဖြိုးရေးဌာနခွဲမှ ဦးသိန်းကို(ဦးစီးအရာရှိ) ၊ ဒေါ်မူမူခိုင်(ဦးစီးအရာရှိ) နှင့် ဦးအောင်ထွန်း (ဒုတိယဦးစီးမှူး) တို့က စာတွေ့ပို့ချခဲ့ပြီး   အဆိုပါသင်တန်းသို့ Book Club အဖွဲ့ဝင်များ၊ ရပ်ကွက် ကျေးရွာများမှ တောင်သူများ သင်တန်းသား/သင်တန်းသူ (၂၀)ဦး တက်ရောက်သင်ကြားခဲ့ကြောင်း သိရသည်။

သတင်း - ညိုညိုဝင်း   

မြန်မာနေရှင်နယ်ပို့စ်  

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)