မြန်မာတို့၏ အစဉ်အလာ နှစ်သစ်ကူး အတာသင်္ကြန်ကာလ ရောက်ရှိပေတော့မည်။ မြန်မာတို့၏ ရိုးရာ အစဉ်အလာ အတာသင်္ကြန်ပွဲသည် ကိုဗစ်-၁၉ ကြောင်းလည်းကောင်း၊ ဆူပူအကြမ်းဖက် နိုင်ငံရေးပြဿနာဖန်တီးနေသူများကြောင့်လည်းကောင်း ၂နှစ်ဆက်တိုက် ကျင်းပနိုင်ခြင်း မရှိခဲ့ပေ။
ယခုနှစ်တွင် သင်္ကြန်ပွဲတော်ကို စည်းကမ်းသတ်မှတ်ချက်များနှင့်အညီ ကျင်းပနိုင်ရန် ခွင့်ပြုပေးထားသည်ကို တွေ့မြင်ရပါသည်။ ဌာနဆိုင်ရာများအနေဖြင့်လည်း အများပြည်သူ စိတ်အပန်းဖြေနိုင်ရန်နှင့် အတာသင်္ကြန်ကို ပျော်ရွှင်စွာ ဆင်နွှဲနိုင်ရန် ရေကစားမဏ္ဍပ်များ ဆောက်လုပ်ပေးထားပြီး ဖျော်ဖြေရေးအစီအစဉ်များအတွက်လည်း စီစဉ်ဆောင်ရွက်နေကြသည်ကို သတင်းထုတ်ပြန်ချက်များအရ သိရပါသည်။
အာဏာပိုင်အဖွဲ့အစည်းအနေဖြင့် တည်ငြိမ်အေးချမ်းရေးကို အစဉ်သဖြင့် ရှေးရှုလုပ်ဆောင်နေသည်မှာ မှန်သော်လည်း တည်ငြိမ်အေးချမ်းမှုကို မလိုလားသည့် NLD အစွန်းရောက် အကြမ်းဖက် သာသနာဖျက် ပြည်ဖျက်မိစ္ဆာတို့၏ အဖျက်အမှောင့်လုပ်ငန်းများ၊ လုပ်ကြံသတ်ဖြတ်မှုများကို သတိလက်လွတ် မျက်ကွယ်ပြုထား၍ မရ။
အများပြည်သူ ပျော်ရွှင်စွာ ရေကစားနိုင်ရန် ဆောက်လုပ်ပေးထားသော ရန်ကုန်မြို့တော်ခန်းမရှေ့ရှိ ရေကစားမဏ္ဍပ်ကို NLD အစွန်းရောက် အကြမ်းဖက်အုပ်စုက ဖောက်ခွဲတိုက်ခိုက်ပြီး အများပြည်သူကို ခြောက်လှန်ခဲ့သည်။
ထပ်မံ၍ (၉-၄-၂၀၂၂) ရက်နေ့က ရှော့တိုက်ဒုံးများဖြင့် အများပြည်သူကို ပစ်မှတ်ထား၍ ပစ်ခတ်တိုက်ခိုက်မှုများ လုပ်ဆောင်ခဲ့ရာ အင်းစိန်မြို့နယ်တွင် NLD အစွန်းရောက် အကြမ်းဖက်အုပ်စု၏ ရှော့တိုက်ဒုန်း ကျရောက်ပေါက်ကွဲ ထိမှန် သဖြင့် ဂေါက်ကယ်ရီတစ်ဦး သေဆုံးခဲ့ရသည်။ မြောက်ဒဂုံဘက်မှ မြောက်ဥက္ကလာပမြို့နယ်အတွင်း ပစ်ခတ်ခဲ့သော ရှော့တိုက်ဒုံးမှာ ကန်စွန်းခင်းထဲကို ကျရောက် ပေါက်ကွဲခဲ့သဖြင့် အများပြည်သူကို ထိခိုက်ခဲ့ခြင်းမရှိပေ။
အကြမ်းဖက်သမားများက လက်ပစ်ဗုံးများဖြင့် ပစ်ခတ်တိုက်ခိုက်မှုများကိုလည်း လုပ်ဆောင်လျက်ရှိပြီး တပ်မတော် ချည်မျှင်နှင့် အထည်စက်ရုံရှေ့တွင် အကြမ်းဖက်သမားက လက်ပစ်ဗုံးဖြင့် ပစ်ပေါက် ထွက်ပြေးသွားခြင်းကြောင့် ၂ဦး ဒဏ်ရှာရရှိခဲ့သည်။ အလားတူ အင်းယားလမ်းတွင်လည်း အကြမ်းဖက်သမားများက လုံခြုံရေးတပ်ဖွဲ့ဝင်များကို သေနတ်ဖြင့် ပစ်ပြီး ထွက်ပြေးသွားခဲ့ကြသည်။
NLD အစွန်းရောက် အကြမ်းဖက် သာသနာဖျက် ပြည်ဖျက်မိစ္ဆာအုပ်စုသည် တစ်နှစ်ကျော်ကြာကာလ ပြည်ပမှ ရရှိသော လက်နက်၊ ငွေကြေး အထောက်အပံ့များဖြင့် တော်လှန်ရေးဟု ခေါင်းစဉ်တပ်၍ ဆူပူအကြမ်းဖက်၊ လုပ်ကြံသတ်ဖြတ်မှုများ လုပ်ဆောင်ခဲ့သည့် မှတ်တမ်းများကို ပြန်လည်လေ့လာမည်ဆိုလျှင် ၎င်းတို့မကျေနပ်သည့် တပ်မတော်ကိုသာ ပစ်မှတ်ထား တိုက်ခိုက်ခြင်းမျိုးမဟုတ်ဘဲ အပြစ်မဲ့ ရဟန်းရှင်လူပြည်သူများကို ပစ်မှတ်ထား တိုက်ခိုက် သတ်ဖြတ်မှုများ ကျူးလွန်ခဲ့ကြသည်ကို တွေ့ရှိရပေလိမ့်မည်။ NLD အစွန်းရောက် အကြမ်းဖက် သာသနာဖျက် ပြည်ဖျက်မိစ္ဆာများ၏ လုပ်ကြံသတ်ဖြတ်မှုကြောင့် အပြစ်မဲ့ ရဟန်းရှင်လူပြည်သူ ၂၄၀၀ ကျော် သေဆုံးခဲ့ရပြီး အိုးမဲ့ အိမ်မဲ့ ထွက်ပြေးတိမ်းရှောင်နေကြရသည့် မိသားစုဝင်ပေါင်း ထောင်ချီရှိနေသည်။
အကြမ်းဖက်သမားများ၏ လက်ဝယ်တွင် လက်နက်၊ ခဲယမ်းများ ရှိနေပြီး ပြည်ပကို ထွက်ပြေးတိမ်းရှောင်သွားသည့် မင်းကိုနိုင်၊ ဇော်ဝေစိုး၊ မျိုးရန်နောင်သိန်း၊ ပန်ဆယ်လို အစရှိသော အကြမ်းဖက်လှုံ့ဆော်သူ ကိုယ်ကျိုးရှာ နိုင်ငံရေးသမားများက ဆူပူအကြမ်းဖက်မှုများ လုပ်ဆောင်ရန် စဉ်ဆက်မပြတ် လှုံ့ဆော်လျက်ရှိသည်ဖြစ်ရာ အတာသင်္ကြန်ကာလ ပျော်ရွှင်စွာ ရေကစားကြမည့် ပြည်သူများအနေဖြင့် သတိပြုကြရမည်ဖြစ်ပါသည်။ အကြမ်းဖက်သမားများသည် အလစ်အငိုက်ကို ချောင်းမြောင်း လုပ်ကြံလေ့ရှိသောကြောင့် သတိလက်လွတ် မဖြစ်ကြစေရန် တိုက်တွန်းနှိုးဆော်ရခြင်းဖြစ်ပါသည်။
ပျော်ရွှင်စွာ နှစ်သစ်ကူးကြမည့် ကာလတွင် NLD အစွန်းရောက် အကြမ်းဖက် သာသနာဖျက် ပြည်ဖျက်မိစ္ဆာများ၏ အကြမ်းဖက်လှုပ်ရှားမှုများကို တွေ့ရှိလျှင် လက်ဦးမှုယူ၍ နှိမ်နင်းကြရမည်ဖြစ်သည်။ ဥပဒေအရ အကြမ်းဖက်မှု ကျူးလွန်ရန် အားထုတ်ခြင်းသည် ရာဇဝတ်မှုမြောက်သော လုပ်ရပ်ဖြစ်သော်လည်း အကြမ်းဖက်သမားများအား နှိမ်နင်းခြင်း၊ မိမိတို့၏ အသက်အန္တရာယ်ကို ကာကွယ်ခြင်းအတွက် ဥပဒေအရ အကာအကွယ် ပေးထားပြီး ဖြစ်ပါသည်။
တည်ငြိမ်အေးချမ်းမှုကို လိုလားသည့် ပြည်သူများအနေဖြင့် နှစ်သစ်ကူးကာလကို ပျော်ရွှင်အေးချမ်းစွာ ဖြတ်သန်းလိုသော်လည်း တည်ငြိမ်အေးချမ်းမှု မလိုလားသည့် တိုင်းဖျက် ပြည်ဖျက် သာသနာဖျက် NLD အစွန်းရောက် အကြမ်းဖက်သမားများ၏ အကြမ်းဖက်လှုပ်ရှားမှုများသည် ရန်ကုန်မြို့ပေါ်တွင် ခပ်စိပ်စိပ် ဖြစ်လာသည့်အပေါ် ရန်ကုန်မြို့နေ ပြည်သူများ အထူးသတိပြုကြရန်နှင့် NLD အစွန်းရောက် အကြမ်းဖက်သမားများ သောင်းကျန်းနေသည့် ဒေသများရှိ ပြည်သူများအနေဖြင့် နှစ်သစ်ကူးကာလကို အထူးသတိပြု ကြရန်နှင့် အကြမ်းဖက်အန္တရာယ်ဟူသမျှကို လက်ဦးမှုယူ နှိမ်နင်းနိုင်ကြပါစေကြောင်း။
https://t.me/MyanmarNationalPost

No comments:
Post a Comment