MNP ၊ ဧပြီ ၁၁
သံတွဲခရိုင်၊ ငပလီမြို့ရှိ ငပလီကမ်းခြေတွင် နှစ်သစ်ကူးရုံး ပိတ်ရက် မဟာသင်္ကြန်ကာလတွင် အပန်းဖြေလာရောက်သူများ ဧပြီ ၁၁ ရက် နံနက်ပိုင်းမှ စတင်ပြီး ပိုမိုစည်ကားလျက်ရှိကြောင်း သိရသည်။
ငပလီမြို့လင်းသာရပ်ကွက်၌ ဈေးရောင်းပွဲတော်ကိုလည်းစည်ကားစွာကျင်းပလျှက်ရှိကြောင်း သိရှိရသည်။
ကမ်းခြေသို့ လာရောက် သူများ အေးချမ်းပျော်ရွှင်စွာ အနားယူအပန်းဖြေရန်နှင့် ကမ်းခြေသာယာလှပ စေရန်အတွက် မြို့အုပ်ချုပ်ရေးမှူးရုံးနှင့် ဟိုတယ်နှင့် ခရီးသွားညွှန်ကြားမှုဦးစီးဌာန၊ မြို့စည်ပင်သာယာ ရေးအဖွဲ့၊ ပြန်/ဆက်၊ နယ်မြေခံတပ်/ရဲများ၊ မီးသတ်ဝန်ထမ်းများပါဝင်သည့် ကမ်းခြေစည်းကမ်း ထိန်းသိမ်းရေးအဖွဲ့က ကမ်းခြေတွင် ဈေးရောင်းချနေကြသော ဈေးသည်များအား သတ်မှတ်နေရာများတွင် စနစ်တကျ ခင်းကျင်းရောင်းချရန်၊ စွန့်ပစ်သည့် အမှိုက်များအား စနစ်တကျ စွန့်ပစ်ကြရန်နှင့် ကမ်းခြေသို့ လာရောက်လည် ပတ်ကြသည့် ခရီးသွားဧည့်သည်များ အေးချမ်းပျော်ရွှင်စွာ နားနေအပန်းဖြေနိုင်ရန်အတွက် ကွင်းဆင်းကြပ်မတ် ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
သတင်း - သန်းနု
https://t.me/MyanmarNationalPost



No comments:
Post a Comment