တောင်တွင်းကြီးမြို့၌ မဟာသင်္ကြန်အကြတ်နေ့တွင် ဘုရားကျောင်းကန်များ၌ စတုဒိသာကျွေးခြင်း ဥပုသ်သီလ ခံယူဆောက်တည်သူများဖြင့်စည်ကား - Myanmar National Post

Myanmar National Post

News Agency

Breaking

တောင်တွင်းကြီးမြို့၌ မဟာသင်္ကြန်အကြတ်နေ့တွင် ဘုရားကျောင်းကန်များ၌ စတုဒိသာကျွေးခြင်း ဥပုသ်သီလ ခံယူဆောက်တည်သူများဖြင့်စည်ကား

 






MNP - ဧပြီ    ၁၅

မကွေးတိုင်းဒေသကြီး၊ တောင်တွင်းကြီးမြို့တွင် နှစ်သစ်ကူးမဟာသင်္ကြန်ကာလဖြစ်သည့် အကြတ်နေ့တွင် မြို့ပေါ်ရပ်ကွက်များနှင့် ကျေးရွာများ၌ ယနေ့နံနက်ပိုင်းမှစ၍ ဘုရား၊ ကျောင်းကန်များနှင့် တရားစခန်းများသို့သွားရောက်ပြီး အေးချမ်းစွာဖြင့် ဥပုသ်သီလခံယူဆောက်တည်ခြင်း စတုဒိသာအဖြစ် မုန့်လုံးရေပေါ်စသည့် ကုသိုလ်ဒါနပြုလုပ်လျက်ရှိကြောင်း သိရသည်။

အဆိုပါ နှစ်သစ်ကူးမဟာသင်္ကြန်ကာလအတွင်း မြို့ပေါ်ရှိ ဘုန်းတော်ကြီးကျောင်းများဖြစ်သော၊ ငှက်ပစ်တောင်ဘုန်းတော်ကြီးကျောင်း၊ သာယာအေး ဘုန်းတော်ကြီးကျောင်း၊ ရွှေမော်ဓောဘုန်းတော်ကြီးကျောင်းနှင့် အခြားသော ဘုန်းတော်ကြီးကျောင်းများသို့ မြို့ပေါ်ရပ်ကွက်များအတွင်းရှိ သက်ကြီး ရွယ်အို အဘိုး/အဘွားများနှင့် ဒေသခံပြည်သူများမှ ဘုရားကျောင်းကန်များသို့ သွားရောက်ပြီး  သင်္ကြန် ကာလအခါသမယ၌ ဥပုသ်သီလဆောက်တည်ခြင်း၊ ဆွမ်းကပ်ခြင်း၊ တရားထိုင်ခြင်း၊ ဘာဝနာတရားပွားများခြင်း၊ ကမ္မဋ္ဌာန်း တရားစီးဖြန်းခြင်းများအား စိတ်အေးချမ်းသာယာစွာ ကောင်းမှုကုသိုလ် ပွားများအားထုတ်လျက်ရှိကြောင်း သိရသည်။

သတင်း - နိုင်ဝင်း

မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)