MNP - ဧပြီ ၄
မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ စီးပွားရေးရာဝန်ကြီး ဦးအောင်ချိန်သည် ပခုက္ကူမြို့၊ အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန၊ မြဧရာ(၁)ခန်းမ၌ ယနေ့နံနက် ၉ နာရီခွဲအချိန်က ကျင်းပပြုလုပ်သည့် ဆီထွက်သီးနှံ ကဏ္ဍဖွံ့ဖြိုးတိုးတက်ရေး ခရိုင်အဆင့် လုပ်ငန်းညှိနှိုင်း အစည်းအဝေးသို့ တက်ရောက်အမှာစကား ပြောကြားသည်။
အစည်းအဝေးတွင် မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ စီးပွားရေးရာဝန်ကြီး ဦးအောင်ချိန်က ၂၀၂၂-၂၀၂၃ခု၊ ဘဏ္ဍာရေးနှစ်အတွင်း ဆီထွက်သီးနှံကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေး အကောင်အထည်ဖော် ဆောင်ရွက်ရမည့် လုပ်ငန်းအခြေအနေများအကြောင်း ရှင်းလင်းပြောကြားပြီး အကောင်အထည်ဖော်စိုက်ပျိုးရာတွင် လိုအပ်မည့် ဆီထွက်သီးနှံများ၊ စိုက်ပျိုးရေးနည်းပညာများနှင့် စိုက်ပျိုးနိုင်သည့် မြေနေရာအခြေအနေများကို မေးမြန်းသည်။
ဆက်လက်၍ ပခုက္ကူခရိုင်နှင့် ခရိုင်အတွင်း ပခုက္ကူ၊ ရေစကြို၊ မြိုင်၊ ပေါက်၊ ဆိပ်ဖြူမြို့နယ်များရှိ စိုက်ပျိုးရေးဦးစီးဌာနမှ တာဝန်ရှိသူများက မိမိတို့မြို့နယ်အလိုက် ၂၀၂၁-၂၀၂၂ ခု ဘဏ္ဍာရေးနှစ်အတွင်း ဆီထွက်သီးနှံ စိုက်ပျိုးထုတ်လုပ်နိုင်ခဲ့သည့် အခြေအနေများ၊ ၂၀၂၂-၂၀၂၃ ခု ဘဏ္ဍာရေးနှစ်၊ စိုက်ပျိုး ထုတ်လုပ်ရန်လျာထားဧက၊ စိုက်ပျိုးမည့် ဆီထွက်သီးနှံ အမျိုးအမည်များ၊ ရာသီအလိုက် ယာမြေ၊ ကျွန်းစိုက်ပျိုးမြေအခြေအနေ၊ လျှပ်စစ်မြစ်ရေတင်နှင့် မြေအောက်ရရရှိမှုအခြေအနေ၊ စိုက်ပျိုးလုပ်ကိုင်မည့် တောင်သူအခြေအနေတို့ကို အသီးသီးရှင်းလင်းတင်ပြကြသည်။
ယင်းနောက် ဝန်ကြီးက မြို့နယ်အလိုက် ရှင်းလင်းတင်ပြမှုများအပေါ် ပြန်လည်ဖြေကြားပြီး ပြည်ပ ဆီသွင်းကုန်လျော့ချရေး၊ ပြည်တွင်းဆီထုတ်လုပ်သုံးစွဲမှု တိုးမြှင့်ရေးတို့ အတွက် ဆီထွက်သီးနှံကဏ္ဍ စိုက်ပျိုးမှုဖွံ့ဖြိုးတိုးတက်စေရန် အလေးထား စိုက်ပျိုးကြရေးလမ်းညွှန်မှာကြားကာ မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့မှထောက်ပံ့သော နေကြာ မျိုးစေ့များအား မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှူးများထံ ပေးအပ်သည်။
ထို့အပြင် စီးပွားရေးရာဝန်ကြီးနှင့်အဖွဲ့သည် ပခုက္ကူခရိုင်အတွင်း စိုက်ပျိုးထွက်ရှိသည့် နေကြာမျိုးစေ့ အမျိုးအမည်အလိုက် ခင်းကျင်းပြသထားမှုများကို လိုက်လံကြည့်ရှု စစ်ဆေးကြကြောင်း သိရသည်။
သတင်း - ဆလိုင်းကိုကီး
မြန်မာနေရှင်နယ်ပို့စ်

No comments:
Post a Comment