ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ နမ့်ဆန်မြို့၌ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး တောင်ပိုင်လက်ဖက် အချိုခြောက် CTC စက်ရုံသို့ ကွင်းဆင်းစစ်ဆေး - Myanmar National Post

Myanmar National Post

News Agency

Breaking

ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ နမ့်ဆန်မြို့၌ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး တောင်ပိုင်လက်ဖက် အချိုခြောက် CTC စက်ရုံသို့ ကွင်းဆင်းစစ်ဆေး



MNP - ဧပြီ   ၄   

ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ နမ့်ဆန်မြို့နယ် တောင်ပိုင်လက်ဖက်အချိုခြောက် CTC စက်ရုံ၌ မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးအတွက် ယမန်နေ့နံနက်(၁၀)နာရီအချိန်က မြို့နယ်မီးသတ်ဦးစီးဌာနမှ ကွင်းဆင်းစစ်ဆေးခြင်း လုပ်ငန်းကို ဆောင်ရွက်ခဲ့သည်။

မီးဘေးအန္တရာယ်ကြိုတင် ကာကွယ်နိုင်ရန်အတွက် ကွင်းဆင်းစစ်ဆေးမှု ဆောင်ရွက်ရာတွင် နမ့်ဆန်မြို့နယ် မီးသတ် ဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးစီးအရာရှိ ဦးသန့်ဇော်မိုးနှင့် တပ်ဖွဲ့ဝင်များက မီးဘေးကင်းဝေးစေရန်အတွက် နမ့်ဆန်မြို့နယ်  တောင်ပိုင်လက်ဖက် အချိုခြောက် CTCစက်ရုံတွင်တပ်ဆင်ထားသော လျှပ်စစ်မီးကြိုးများ မီးခလုတ် များအား စစ်ဆေးခြင်း၊ မီးစက်များအသုံးပြုပါ ကစနစ်တကျရှိစေရန်နှင့် လျှပ်စစ်မီးကို အသုံးပြုရာတွင် စနစ်တကျ အသုံးပြုတတ်စေရန်၊ ဟောင်းနွမ်းနေသော ဝါယာကြိုးများ မီးခလုတ်များအား အသစ်လဲလှယ်အသုံးပြုရန်၊ လောင်စာဆီ သိုလှောင်မှုများအား စစ်ဆေးခြင်း အမှိုက်များ စနစ်တကျ စွန့်ပစ်စေရန်၊ လျှပ်စစ်မီးဖယောင်းတိုင်မီးကို စနစ်တကျ ကိုင်တွယ်အသုံးပြုရန်၊ မီးသတ်ဆေးဘူးများကို ကြိုတင်ကာကွယ်ထားရှိပြီး မီးချိတ်မီးကတ်များ သဲပုံးရေပုံးများ ထားရှိခြင်း စသည့် မီးဘေးကြိုတင်ကာကွယ်ရေးလုပ်ငန်းများကို ကွင်းဆင်းစစ်ဆေး ဆောင်ရွက်ခဲ့ပြီး မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်တားဆီးရေးအတွက် အသိပညာပေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်းသိရသည်။

မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)