MNP - ဧပြီ ၄
ရပ်ကွက်၊ ကျေးရွာအုပ်စုများအလိုက် အခြေခံမဲဆန္ဒရှင်စာရင်း ပြည့်စုံမှန်ကန်စေရေး မြေပြင်လူဦးရေစာရင်းများ တိုက်ဆိုင်စစ်ဆေးခြင်းများကို ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ဖြူးမြို့နယ်ရှိ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံး၌ ဧပြီလ(၄)ရက်နေ့၊ နံနက်(၉)နာရီအချိန်ကစတင် ဆောင်ရွက်နေကြောင်း သိရသည်။
မြေပြင်ရှိ လူဦးရေစာရင်းပြုစုရာတွင် ဖြူးမြို့နယ်အတွင်းရှိရပ်ကွက်၊ကျေးရွာအုပ်ချုပ်ရေးမှူးနှင့် စာရေးများ၊ ဌာနဆိုင်ရာများက မြေပြင်ရှိအမှန်လူဦးရေစာရင်းအား လိုက်လံပြုစုဆောင်ရွက်ခဲ့ကြပြီးနောက် အဆိုပါဆောင်ရွက်ပြီးစီးမှုအား လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ မြို့နယ်ဦးစီးမှူးရုံးရှိ လူဦးရေစာရင်းနှင့် မြေပြင်ရှိလူဦးရေစာရင်းများ မှန်ကန်စေရေးအတွက်စနစ်တကျတိုက်ဆိုင် စစ်ဆေးဆောင်ရွက်ခြင်းနှင့် စာရင်းရေးသွင်းမှုများကို မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံး၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနတို့မှ ကွန်ပျူတာ ကျွမ်းကျင်ဝန်ထမ်းများ၊ ရပ်ကွက် အုပ်ချုပ် ရေးမှူးများနှင့် ရပ်/ကျေးစာရေးများက ဆောင်ရွက်လျက်ရှိပါကြောင်းသိရသည်။
သတင်း - နေမျိုးလွင်
မြန်မာနေရှင်နယ်ပို့စ်
No comments:
Post a Comment