မင်းလှ၌ စိုက်ပျိုးရေးနှင့် မွေးမြူရေး ကုန်ထုတ်လုပ်မှု တိုးတတ်မြှင့်မားရေး ကွင်းဆင်း ဆောင်ရွက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မင်းလှ၌ စိုက်ပျိုးရေးနှင့် မွေးမြူရေး ကုန်ထုတ်လုပ်မှု တိုးတတ်မြှင့်မားရေး ကွင်းဆင်း ဆောင်ရွက်

MNP - ဧပြီ    ၁၀

ပဲခူးတိုင်းဒေသကြီး၊ မင်းလှမြို့နယ်အတွင်းရှိ ပြည်သူများ၏ လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတတ်ရေး ကို ရည်ရွယ်၍ စိုက်ပျိုးရေးနှင့် မွေးမြူရေး ကုန်ထုတ်လုပ်မှုတိုးတတ်မြှင့်မားရေး အသိပညာပေး ဆွေးနွေးခြင်းကို ဧပြီ ၈ ရက် နေ့လယ် ၁ နာရီချိန်က သရော(ဂျီ)အုပ်စု၊ ရွှေစံပြည့်ကျေးရွာ၌ ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ကွင်းဆင်းပညာ‌‌ပေး ဆောင်ရွက်ရာတွင် မြို့နယ်စိုက်ပျိုးရေးဦးစီးမှူး ဦးထွန်းထွန်းအောင်က စိုက်ပျိုးရေး တိုးတတ်မြှင့်မားရေးအကြောင်း၊ မြို့နယ်မွေးမြူရေးနှင့် ကုသရေးဦးစီးဌာန ဒေါက်တာသီဟကျော်ဇောဦးမှ ကျွဲ၊ နွား၊ ဝက်၊ ဆိတ် မွေးမြူရေးနှင့် ပတ်သက်၍ လိုက်နာ ဆောင်ရွက်သင့်သည့်အချက်များ၊ မြို့နယ်လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာနမှ လယ်မြေယာနည်းဥပဒေဆိုင်ရာ အကြောင်းတို့ကို ပြောကြားသည်။

ဆက်လက်၍ မြို့နယ်ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနမှ စိုက်ပျိုးရေကို အကျိုးရှိစွာ အသုံးချရေးအကြောင်း၊ မြို့နယ်စက်မှုလယ်ယာဦးစီးဌာနမှ မြေယာများ အဆင့် မြှင့်တင်ခြင်းဆိုင်ရာ ကိစ္စရပ်များအကြောင်း၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတတ်ရေးဦးစီးဌာနမှ လမ်း၊ တံတားနှင့် မြစိမ်းရောင်စီမံ ကိန်းကိစ္စရပ်များအကြောင်း၊ မြို့နယ်စာသုံးသူရေးရာဦးစီး ဌာနက စားသုံးရန်မသင့်သည့် အစားအစာများ အကြောင်းတို့ကို အသီးသီးဆွေးနွေးပြောကြား သည်။

ထို့နောက် အသိပညာပေးဆွေးနွေးပွဲကို တတ်ရောက်လာသော ဒေသခံတောင်သူများက သိရှိ လိုသည့် အချက်များကို မေးမြန်းဆွေးနွေးခဲ့ရာ သက်ဆိုင်ရာဌာနများက ဆွေးနွေးဖြေကြား ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

သတင်း - ပေါက်စ

မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)