ဒေးဒရဲမြို့နယ်တွင် နိုင်(၄) မှတ်တမ်းများအား Software Program အသုံးပြု၍ ဌာနဆိုင်ရာ ဝန်ထမ်းများက စိစစ်ရေးသွင်း - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ဒေးဒရဲမြို့နယ်တွင် နိုင်(၄) မှတ်တမ်းများအား Software Program အသုံးပြု၍ ဌာနဆိုင်ရာ ဝန်ထမ်းများက စိစစ်ရေးသွင်း



MNP - ဧပြီ    ၁၀

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ မြို့နယ်ဦးစီးမှူးရုံးက မဲဆန္ဒရှင် စာရင်းများ ပြည့်စုံမှန်ကန်စွာ ပြုစုနိုင်ရေး၊ ကိုင်ဆောင်လက်မှတ် နံပါတ်များ မှန်ကန်မှုရှိစေရေးနှင့် ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်၏ နိုင်(၄) ရိုက်သွင်းခြင်းလုပ်ငန်းများ သတ်မှတ်ကာလအတွင်း ပြီးစီးရေး ဆောင်ရွက်နိုင်ရန် ရည်ရွယ်၍ နိုင်ငံသားကိုယ်ရေးမှတ်တမ်း အချက်အလက် နိုင်(၄)မှတ်တမ်းများအား Computer Software Program အသုံးပြု၍ စာရင်းရေးသွင်းခြင်းအား ဒေးဒရဲမြို့နယ်၊ အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန၌ ဧပြီလ(၁) ရက်နေ့မှစတင်၍ မြို့ပေါ် ဌာနဆိုင်ရာများ၏ အကူအညီဖြင့် မှတ်တမ်းရေးသွင်းခြင်း လုပ်ငန်းများ ဆောင်ရွက်လျက်ရှိသည်။

ဒေးဒရဲမြို့နယ်အတွင်းတွင် EIDစနစ်ဖြင့် နိုင်(၄)မှတ်တမ်း စာရင်းရေးသွင်းရန် လူဦးရေ (၂၂၅၀၉၀)ဦးရှိသည့်အနက် ယမန်နေ့အထိ (၂၀၇၈၂)ဦးအား စာရင်းရေးသွင်းပြီး အဆိုပါ စနစ်ဖြင့် မှတ်တမ်းရေးသွင်းခြင်းအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးမျိုးကျော်ကျော်၊ မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန မြို့နယ်ဦးစီးမှူးတို့က ဦးဆောင်၍ ဒေးဒရဲမြို့နယ်အတွင်းရှိ ဌာနဆိုင်ရာများမှ ဝန်ထမ်းများ ပူးပေါင်းကာ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

သတင်း - အေဇာလင်း

မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)