ပျော်ဘွယ်မြို့တွင် Mobile Team စနစ်ဖြင့် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုနှံပေးလျက်ရှိ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ပျော်ဘွယ်မြို့တွင် Mobile Team စနစ်ဖြင့် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုနှံပေးလျက်ရှိ



MNP - ဧပြီ   ၉

ရမည်းသင်းခရိုင်၊ ပျော်ဘွယ်မြို့နယ်တွင် အကြောင်းအမျိုးမျိုးကြောင့် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးနှံရန်ကျန်ရှိသည့် အသက်(၁၈) နှစ်နှင့်အထက် ရပ်ကွက်နှင့် ကျေးရွာများမှ ပြည်သူများအား Mobile Team စနစ်ဖြင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး() ထိုးနှံခြင်းကို ယနေ့နံနက်(၇)နာရီမှ စတင်ကာအဖွဲ့(၄)ဖွဲခွဲ၍ ထိုနှံပေးလျက်ရှိကြောင်း သိရသည်။

ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးကို မြို့ပေါ်ရပ်ကွက် လူစည်ကားသည့်နေရာဖြစ်သော လွတ်လပ်ရေး ကျောက်တိုင်ကွင်း၊ ရွှေစေတီဘုရားအနီး၊ ပြည်သူ့ဈေးအနီးနှင့် မင်းရာမဘုရား အနီးတို့တွင် ကွင်းဆင်း ထိုးနှံပေးကြသည်။

ယခုက စုရပ်(၄)နေရာ သတ်မှတ်ပြီး မြို့ပေါ် ရပ်ကွက်မှာရှိတဲ့ပြည်သူတွေ၊ မြို့ပေါ်ကို အကြောင်းအမျိုးမျိုးနဲ့လာတဲ့ ကျေးရွာနေပြည်သူတွေကို စိစစ် ထိုးနှံပေးနေခြင်းဖြစ်ပါတယ်ဟု မြို့နယ်ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီဝင်တစ်ဦးထံမှ သိရသည်။

သတင်း - မင်းမင်းထွေ

မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)