ကျောက်ဆည်မြို့နယ်၌ ဒုတိယမြောက်နေ့ တက္ကသိုလ်ဝင်စားမေးပွဲတွင် ကျောင်းသား/ကျောင်းသူ (၁၆၆၉) ဦး ဖြေဆို - Myanmar National Post

Myanmar National Post

News Agency

Breaking

ကျောက်ဆည်မြို့နယ်၌ ဒုတိယမြောက်နေ့ တက္ကသိုလ်ဝင်စားမေးပွဲတွင် ကျောင်းသား/ကျောင်းသူ (၁၆၆၉) ဦး ဖြေဆို


MNP - ဧပြီ    ၁

မန္တလေးတိုင်းဒေသကြီး ၊  ကျောက်ဆည်မြို့နယ်၌ ၂၀၂၂  ခုနှစ်  ဧပြီ(၁)ရက်နေ့ နံနက်(၉)နာရီတွင် ကျင်းပသည့် ဒုတိယမြောက်နေ့ တက္ကသိုလ်ဝင်စာမေးပွဲတွင် အင်္ဂလိပ်ဘာသာရပ်ဖြေဆိုသူ  ကျောင်းသား/ကျောင်းသူ (၁၆၆၉)ဦး အေးချမ်းစွာ ဖြေဆိုလျက်ရှိကြောင်း သိရသည်။

ကျောက်ဆည်မြို့၌ တက္ကသိုလ်ဝင်စာမေးပွဲကို စာဖြေဌာန(၅)ခု သတ်မှတ်ဆောင်ရွက်ထားရှိပြီး အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်းစာဖြေဌာနတွင် အတွင်းဖြေကျောင်းသား/ကျောင်းသူ(၃၁၇)ဦး၊ အပြင်ဖြေကျောင်းသား/ကျောင်းသူ (၂၅၉)ဦး၊အမှတ်(၂)အခြေခံပညာအထက်တန်း ကျောင်းစာဖြေဌာနတွင် အတွင်းဖြေကျောင်းသား/ကျောင်းသူ(၉၉)ဦး၊ အပြင်ဖြေ ကျောင်းသား/ ကျောင်းသူ(၂၄၂)ဦး၊ အမှတ်(၃) အခြေခံပညာအထက်တန်းကျောင်းစာဖြေဌာနတွင် အတွင်းဖြေ ကျောင်းသား/ကျောင်းသူ(၂၂၆)ဦး၊ အပြင်ဖြေ ကျောင်းသား/ ကျောင်းသူ(၂၀၆)ဦး၊ မင်းစု အခြေခံပညာအထက်တန်းကျောင်းစာဖြေဌာနတွင် အတွင်းဖြေကျောင်းသား/ကျောင်းသူ(၁၃၅)ဦး ၊ သံရွာအခြေခံပညာအထက်တန်းကျောင်းစာဖြေဌာနတွင် အတွင်းဖြေကျောင်းသား /ကျောင်းသူ (၁၈၅) ဦး စုစုပေါင်း(၁၆၆၉)ဦး ဖြေဆိုခဲ့ကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။

တက္ကသိုလ်ဝင်စာမေးပွဲ ဖြေဆိုလျက်ရှိသော ကျောင်းသား/ကျောင်းသူများ အေးချမ်းစွာဖြေဆိုနိုင်ရေးနှင့် အခက်အခဲ မရှိစေရေးအတွက် မြို့နယ်စီးမံအုပ်ချုပ်ရေးအဖွဲ့ဦးဆောင်မှုဖြင့် သက်ဆိုင်ရာတာဝန်ရှိသူများ၊ ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူးများ ကျန်းမာရေးဝန်ထမ်းများ၊ ကြက်ခြေနီ တပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ လူမှုကူညီးရေးအသင်း၊ အဖွဲ့ဝင်များမှ စာဖြေဌာနများတွင် ကူညီဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

သတင်း - သက်မောင်

မြန်မာနေရှင်နယ်ပို့စ်


No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)