မင်းဘူး၊ ကျောက်တန်းကျေးရွာမှ မေမြို့ပန်းစိုက်တောင်သူများ ပန်းများလှိုင်လှိုင်ပေါ်ပြီး ရောင်းအားကောင်း - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မင်းဘူး၊ ကျောက်တန်းကျေးရွာမှ မေမြို့ပန်းစိုက်တောင်သူများ ပန်းများလှိုင်လှိုင်ပေါ်ပြီး ရောင်းအားကောင်း



MNP -  ဧပြီ    ၁

မကွေးတိုင်းဒေသကြီး၊ မင်းဘူး(စကု)မြို့နယ် ကျောက်တန်းကျေးရွာတွင် မေမြို့ပန်းစိုက် တောင်သူများသည် ပွင့်လင်းရာသီ ရောက်လသည့်အချိန်တွင်  ပန်းများလှိုင်လှိုင် ပေါ်ပြီဖြစ်၍   ပွဲလမ်းသဘင်များလည်း ပေါလာသဖြင့်  ရောင်းအားကောင်းပြီး  အဆင်ပြေကြကြောင်း ကျောက်တန်းကျေးရွာ ပန်းစိုက်တောင်သူများထံမှ သိရသည်။

ပန်းများမှာ စားသောက်ကုန်ပစ္စည်း မဟုတ်သော်လည်း မြန်မာလူမျိုးတို့အတွက် ဘုရားတင်၊ နတ်ဆက်၊ အလှူ၊ မင်္ဂလာ၊ ပွဲလမ်းသဘင်များအပြင် လူနေအိမ်များ၊ ပွဲရုံ၊ အလုပ်ရုံ၊ ဟော်တယ်၊ မိုတယ်တို့၏ ဧည့်ခန်းများ လှပခန့်ညားစေရန် အလှပန်းအိုးများတွင် စိုက်ထိုးထားကြသော အသုံးအဆောင် ပစ္စည်း တစ်မျိုးလည်းဖြစ်သည်။

ပန်းများမှာ သူ့မျိုးနှင့်သူ ပန်းအမျိုးပေါင်းများစွာ စိုက်ပျိုးကြသော်လည်း မေမြို့ပန်းကို ငါးလလောက် အချိန်ယူစိုက်ပျိုးရပြီး ထွန်ယက်ခ၊ ပေါင်ဆွဲခ၊ ပျိုးပင်ဖိုး ပြန်လည်စိုက်ပျိုးခနဲ့ဆို တစ်ဧက ကျပ်သုံးသိန်း ဝန်းကျင်လောက် ကုန်ကျကြောင်းလည်း သိရသည်။ ပန်းများကို ရေဖျန်းခြင်း မဟုတ်ဘဲ ရေသွင်းခြင်းစနစ် စိုက်ပျိုးပြီး မြေကြီးအစို အခြောက်အပေါ် မူတည်၍ ငါးရက်တစ်ခါ ခုနှစ်ရက်တစ်ခါ စသည်ဖြင့် ရေသွင်းပေးရသည်။

ပိုးသတ်ဆေးများကိုတော့ ပိုးကျမှဖျန်းပြီး အပင်ကောင်း ဆေးများလည်း စိုက်ပျိုးမည့်အချိန်တွင် နွားချေး၊ မြေဆွေးများ ခံထားသည့်အတွက် လိုအပ်မှသာ ပက်ဖျန်းပေးရကြောင်းလည်း သိရသည်။ ပန်းများပေါ်သည့် အချိန်တွင် တစ်ပြိုင်တည်း လှိုင်လှိုင်ပေါ်သည့်အတွက် နေ့စဉ်ရက်ဆက် ရောင်းချနေရပြီး မေမြို့ပန်းတစ်ပင် ၈၀ ကျပ် ၃ ပင်စည်း တစ်စည်းလျှင် ၂၀၀ ကျပ်ကို လှိုင်လှိုင်ရောင်းချပြီး ဖောက်သည် ပေးနေရသောကြောင့် စိုက်ပျိုးသူများ အဆင်ပြေကြောင်း မင်းဘူး(စကု)မြို့နယ် ကျောက်တန်းကျေးရွာ မေမြို့ပန်းစိုက်တောင်သူ ဒေါ်မြကြည်ထံမှ သိရသည်။

သတင်း - ဇေယျာထက

မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)